အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံ၌ ဧပြီ ၂၉ ရက် (ယနေ့)
တွင် ကျင်းပသည့် ''ဒီမိုကရေစီ လူမှုအဖွဲ့အစည်းညီလာခံ''ကို တက်ရောက်လျက်ရှိပြီး နိုင်ငံပေါင်း တစ်ရာကျော်မှ ခေါင်းဆောင်များနှင့်
နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက် လျက်ရှိသည်။
မွန်ဂိုလီးယားသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ဧပြီလ ၃၀ ရက်နေ့တွင် Mongolian and Myanmar : Road to Freedom and Lessons Learned မိန့်ခွန်းကို ပူးတွဲ ပြောကြားမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံသို့ ရက်သတ္တတစ်ပတ် ကြာမြင့်မည့် ခရီးစဉ်သွားရောက်ရန် ဧပြီလ ၂၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်က KE472 - KOREAN AIR လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပြီး မြန်မာနိုင်ငံသို့ မေ ၃ ရက်တွင် ပြန်လည်ရောက် ရှိ မည်ဖြစ်ကြောင်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြား မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။
ဓာတ်ပုံ- Yingluck Shinawatra Facebook

From...Eleven
No comments:
Post a Comment