ရုရှားနိုင်ငံ ၊မော်စကိုမြို့မြောက်ဘက်ရှိ စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့ က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ(၃၆)ဦးသေဆုံးခဲ့ကြောင်း မီဒီယာကထုတ်ပြန်ကြေညာသည်။
မီးလောင်ကျွမ်းနေစဉ် အဆောက်အဦးထဲတွင် လူနာ(၃၈)ဦးနှင့် ဆေးရုံ ၀န်ထမ်း (၃
)ဦး စုစုပေါင်း လူ (၄၁)ဦးရှိနေခဲ့ပြီး လူနာများ၏ဆေးလိပ်မီးကြောင့် (သို့မဟုတ်) လျှပ်စစ်ချို့ယွင်းမှုကြောင့် မနက်(၂)နာရီ ၀န်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။ အဆောက်အဦးထဲ မှသေဆုံးသူလူ(၃၆)ဦးကို ဆွဲထုတ်ခဲ့ရပြီး ဥပဒေအရစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် ရင်ခွဲရုံကို ပို့ထားလိုက်ပြီဖြစ်ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီမှ ပြောခွင့်ရှိသူက ပြောကြားကြောင်းရိုက်တာ သတင်းဌာ က တင်ပြသွားသည်။
From : SkyNet TV Browser
No comments:
Post a Comment