Monday, April 22, 2013

ဘော်စတွန် ဗုံးဖောက်ခွဲမှု သံသယရှိသူမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေ

ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲမှုအတွက် ဒုတိယမြောက် သံသယရှိသူ Dzhokhar Tsarnaev သည် ဒဏ်ရာရရှိလျက် အဖမ်းခံရပြီးနောက် ဆေးရုံတက်နေရကာ ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်သော မေးခွန်းများကို မဖြေနိုင်သည်အထိ အခြေအနေဆိုးရွားနေကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အသက် ၁၉ နှစ်ရှိ Dzhokhar မှာ လည်ချောင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု စီအင်န်အင်န်နှင့် အခြား သတင်းဌာနများက ဖော်ပြခဲ့ကြပြီး သူ၏ အစ်ကိုဖြစ်သူ အသက် ၂၆ နှစ်ရှိ Tamerlan Tsarnaev မှာ စီးနင်းရှာဖွေမှု ပြုလုပ်စဉ် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်။

Dzhokhar ၏ အခြေအနေမှာ ပြင်းထန်သော်လည်း တည်ငြိမ်မှုရှိကာ အသက်ရှင် မည်ဟု မျှော် လင့်ကြောင်း မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဒေးဗစ်ပက်ထရစ် က ပြောကြားခဲ့သည်။ လူသုံး ဦး သေဆုံးခဲ့ပြီး လူ ၁၈၀ ခန့် ဒဏ်ရာရရှိခဲ့သော မာရသွန် ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲမှု၊ ရဲတပ်သား တစ်ဦး သေဆုံးစေခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့စေသည့် ပစ်ခတ်မှုများအတွက် မေးခွန်းများစွာ ရှိနေပြီး ယင်းမေးခွန်းများကို Dzhokhar က ဖြေဆိုရန် လိုအပ်နေကြောင်းလည်း သူကပြောခဲ့သည်။ Dzhokhar ကို စစ်ဆေးမေးမြန်းရန်နှင့် တရားစွဲဆိုမှု ပြုလုပ်ရန်အတွက် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စမှာ အမေရိကန် တာဝန်ရှိသူများအတွက် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်ဖြစ်သည်။

Ref:AFP
Eleven Media Group

No comments:

Post a Comment