Monday, April 1, 2013

ယခုနှစ် နယ်စပ်ကုန်သွယ်မှု ပမာဏ ယခင်တစ်နှစ်လုံး ကုန်သွယ်မှု ပမာဏကို ကျော်လွန်ကာ အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါး အထိ ရောက်ရှိ

ယခုနှစ် နယ်စပ်ကုန်သွယ်မှု ပမာဏ ယခင်တစ်နှစ်လုံး ကုန်သွယ်မှု ပမာဏကို ကျော်လွန်ကာ အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါး
အထိ ရောက်ရှိ
Monday, April 1, 2013

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခုဘဏ္ဍာရေးနှစ် မကုန်သေးသော်လည်း အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါးအထိ
ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မှောင်ခိုကုန်သွယ်မှုများ ရှိနေသည့်ကြားမှ ယခုနှစ် နယ်စပ်ကုန်သွယ်ရေး ပမာဏ မြင့်တက်လာရသည့် အဓိက အကြောင်းရင်းမှာ နယ်စပ်မှ လုပ်
ငန်းသုံးယာဉ်များ တင်သွင်းခွင့်ပြုခြင်း၊ နယ်စပ်ကုန်သွယ်မှု ပိုင်းတွင်
မှောင်ခိုဖမ်းဆီးခြင်း၊ တစ်ပိုင်တစ်နိုင်များကို အလွယ်တကူ လိုင်စင်ပြု
လုပ် ကုန်သွယ်စေခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် မတ်လ နောက်ဆုံးပတ်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါးအထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ် နယ်စပ်ကုန်သွယ်မှု ပမာဏထက် သန်း ၄၀၀ ကျော် ပိုမိုမြင့်တက် ခဲ့သည်
ဟု သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၂၈ ဒသမ ၃၉၄ သန်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၃၉ ဒသမ ၆၀၄ သန်း
ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ သုံး ဘီလျံကျော်ဖိုး ကုန်သွယ်
မှု ပြုလုပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် တရားဝင်ကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်စ
ခန်းပေါင်း ၁၄ ခုရှိပြီး မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်များမှ 
အဓိက ကုန်သွယ်မှု ပြုလုပ်နေပြီး မြန်မာ-တရုတ် နယ်စပ်မှ အများ
ဆုံး ကုန်သွယ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ယခုနှစ်တွင် နယ်စပ်မှ မှောင်ခိုကုန်သွယ်မှုများအား ဖမ်းဆီးပြီး နောက်လေးလ
အတွင်း အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ရရှိမှုမှာ ယခင်နှစ်ကထက်
နှစ်ဆမြင့်တက်ခဲ့ကြောင်း၊ အခွန်ငွေကျပ် ၄၅၂၉၀ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာ- တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်များမှသာ အဓိကကုန်သွယ်မှု ပြုလုပ်ကြောင်း သိရသည်။ တရုတ်နိုင်ငံဖြင့် မူဆယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နယ်စပ်စခန်း လေးခုဖြင့် ကုန်သွယ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဖြင့် ကုန်သွယ်ရာတွင် တာချီလိတ်
၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်ခြင်း ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခုဘဏ္ဍာရေးနှစ် မကုန်သေးသော်လည်း အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါး အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
မှောင်ခိုကုန်သွယ်မှုများ ရှိနေသည့်ကြားမှ ယခုနှစ် နယ်စပ်ကုန်သွယ်ရေး ပမာဏ မြင့်တက်လာရသည့် အဓိကအကြောင်းရင်းမှာ နယ်စပ်မှ လုပ်ငန်းသုံးယာဉ်များ တင်သွင်းခွင့်ပြုခြင်း၊ နယ်စပ်ကုန်သွယ်မှု ပိုင်းတွင်မှောင်ခိုဖမ်းဆီးခြင်း၊ တစ်ပိုင်တစ်နိုင် များကို အလွယ်တကူ လိုင်စင်ပြုလုပ် ကုန်သွယ်စေခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် မတ်လ နောက်ဆုံးပတ်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလျံ နီးပါးအထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ် နယ်စပ်ကုန်သွယ်မှု ပမာဏထက် သန်း ၄၀၀ ကျော် ပိုမိုမြင့်တက် ခဲ့သည်ဟု သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၂၈ ဒသမ ၃၉၄ သန်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၃၉ ဒသမ ၆၀၄ သန်းရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ သုံး ဘီလျံကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် တရားဝင်ကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်စခန်းပေါင်း ၁၄ ခုရှိပြီး မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်များမှ အဓိက ကုန်သွယ်မှု ပြုလုပ်နေပြီး မြန်မာ-တရုတ် နယ်စပ်မှ အများဆုံး ကုန်သွယ်ခြင်းဖြစ် သည်ဟု ထုတ်ပြန်ထားသည်။

ယခုနှစ်တွင် နယ်စပ်မှ မှောင်ခိုကုန်သွယ်မှုများအား ဖမ်းဆီးပြီး နောက်လေးလအတွင်း အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ရရှိမှုမှာ ယခင်နှစ်ကထက်နှစ်ဆမြင့်တက်ခဲ့ကြောင်း၊ အခွန်ငွေကျပ် ၄၅၂၉၀ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာန မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာ- တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်များမှသာ အဓိကကုန်သွယ်မှု ပြုလုပ်ကြောင်း သိရသည်။ တရုတ်နိုင်ငံဖြင့် မူဆယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နယ်စပ်စခန်း လေးခုဖြင့် ကုန် သွယ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဖြင့် ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်ခြင်း ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

Eleven Media Group

No comments:

Post a Comment