Friday, April 5, 2013

အဆုတ်ကင်ဆာမှဦး နှောက်သို့မပျံ့နှံ့အောင် တားဆီးမည့်ကုထုံးသစ်

အဆုတ်ကင်ဆာမှဦး နှောက်သို့မပျံ့နှံ့အောင် တားဆီးမည့်ကုထုံးသစ်
Friday, April 5, 2013

အဆုတ်ကင်ဆာရောဂါသည် ကင်ဆာရောဂါများအနက် အသေအပျောက်
အများဆုံး ရောဂါတစ်ခုဖြစ်သည်။ သြစတြီးယားနိုင်ငံတွင်နှစ်စဉ် လူ ၄၀၀၀
ခန့် အဆုတ်ကင်ဆာ ဖြစ်ပွားသည်ဟု သိရသည်။ 

အဆုတ် ကင်ဆာရောဂါကြီးမားသည့်ဆိုးကျိုး တစ်ခုမှာဦးနှောက်သို့ ကင်ဆာကျိတ် များကပျံ့နှံ့ခြင်းဖြစ်သည်။MedUni Vienna တက္ကသိုလ်
 မှ သုတေသီများက အဆုတ်ကင်ဆာကုသမှုနည်းသစ်တစ်ခုကို ဖော်
ထုတ်ထားသည်။ 

ALK gene ဟုခေါ်သည့် မျိုးဗီဇများမှာအဆုတ်ကင်ဆာ မှဦးနှောက်သို့ ကင်ဆာပျံ့နှံ့စေသည့် တရားခံများဖြစ်ကြောင်း သုတေသီ များကတွေ့
ရှိခဲ့ကြသည်။ ALK ဗီဇ ပစ္စည်းများ၌အပြောင်းအလဲရှိပါက ကင်ဆာဆဲလ်
များ အထိန်းအကွပ် မရှိပွားများပျံ့နှံ့တတ်သည်။

သြစတြီး ယားနိုင်ငံကိန်းဂဏန်းများအရ ALK ဗီဇကြောင့် အဆုတ်ကင်ဆာ
မှ ဦးနှောက်သို့ပျံ့နှံ့သူနှစ်စဉ်(၆၀)ဦး ခန့်ရှိသည်။“ALK မျိုးဗီဇကို ဦးတည်
တဲ့ ကုသမှုတွေသုံးပြီးအဆုတ်ကင်ဆာ ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်”ဟုဥရောပကင်ဆာသုတေသနအဖွဲ့အစည်း
(European Cancer Research Organization) မှ ဒေါက်တာမက်သီး
ရပ်စ်ပရူစာက ဆိုသည်။

လွန်ခဲ့သည့်နှစ်ကလည်း MedUni Vienna တက္ကသိုလ်က သွေးကင်ဆာရောဂါ
တစ်မျိုးဖြစ် သည့်ALCL ကို ALK ဗီဇဦးတည် ကုသမှုဖြင့်ကုသရာတွင်အောင်
မြင် မှုရရှိခဲ့သဖြင့် ဂျာနယ်ပေါင်းများစွာ တွင်ဖော်ပြခံခဲ့ရသည်။

ဇော်ကို
Source: MNT
Health Updates Journal အဆုတ်ကင်ဆာရောဂါသည် ကင်ဆာရောဂါများအနက် အသေ အပျောက် အများဆုံး ရောဂါတစ်ခုဖြစ်သည်။ သြစတြီးယားနိုင်ငံ တွင်နှစ်စဉ် လူ ၄၀၀၀ ခန့် အဆုတ်ကင်ဆာ ဖြစ်ပွားသည်ဟု သိရ သည်။
အဆုတ် ကင်ဆာရောဂါကြီးမားသည့်ဆိုးကျိုး တစ်ခုမှာဦးနှောက်သို့ ကင်ဆာကျိတ် များကပျံ့နှံ့ခြင်းဖြစ်သည်။MedUni Vienna တက္ကသိုလ် မှ သုတေသီများက အဆုတ်ကင်ဆာကုသမှု နည်းသစ် တစ်ခု ကို ဖော်ထုတ်ထားသည်။

ALK gene ဟုခေါ်သည့် မျိုးဗီဇများမှာအဆုတ်ကင်ဆာ မှဦးနှောက်သို့ ကင်ဆာပျံ့နှံ့စေသည့် တရားခံများဖြစ်ကြောင်း သုတေသီ များကတွေ့ရှိခဲ့ကြသည်။ ALK ဗီဇ ပစ္စည်းများ၌အပြောင်းအလဲရှိပါက ကင်ဆာဆဲလ်များ အထိန်းအကွပ် မရှိပွားများပျံ့နှံ့တတ်သည်။

သြစတြီး ယားနိုင်ငံကိန်းဂဏန်းများအရ ALK ဗီဇကြောင့် အဆုတ်ကင်ဆာမှ ဦးနှောက်သို့ပျံ့နှံ့သူနှစ်စဉ်(၆၀)ဦး ခန့်ရှိသည်။“ALK မျိုးဗီဇကို ဦးတည်တဲ့ ကုသမှုတွေသုံးပြီးအဆုတ်ကင်ဆာ ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်”ဟုဥရောပကင်ဆာသုတေသနအဖွဲ့အစည်း(European Cancer Research Organization) မှ ဒေါက်တာမက်သီးရပ်စ်ပရူစာက ဆိုသည်။

လွန်ခဲ့သည့်နှစ်ကလည်း MedUni Vienna တက္ကသိုလ်က သွေးကင်ဆာရောဂါတစ်မျိုးဖြစ် သည့်ALCL ကို ALK ဗီဇဦးတည် ကုသမှုဖြင့်ကုသရာတွင်အောင်မြင် မှုရရှိခဲ့သဖြင့် ဂျာနယ်ပေါင်းများစွာ တွင်ဖော်ပြ ခံခဲ့ရသည်။

Health Updates Journal

No comments:

Post a Comment