Monday, April 22, 2013

ဟန်းဆက်မျိုးစုံ အပြိုင် ရောင်းချရန် ပြင်ဆင်

ပြည်သူများထံသို့ မကြာမီရက်အတွင်း တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်း Sim Card များကို တစ်ကတ် လျှင် ငွေ ကျပ် ၁၅ဝဝ နှုန်းဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချပေးတော့မည် ဖြစ်ရာ ရခိုင်ပြည် နယ် စစ်တွေမြို့ရှိ အီလက် ထရွန်နစ်ပစ္စည်း အရောင်းဆိုင် များတွင် ဟန်းဆက်မျိုးစုံကို အပြိုင် အဆိုင် ရောင်းချ ရန် ပြင်ဆင်လျက်ရှိသည်။
စစ်တွေမြို့ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များ၌ ဟန်းဆက်မျိုးစုံကို အပြိုင်အဆိုင် ရောင်းချလျက်ရှိရာ ရခိုင်ပြည်နယ်တွင် ရောင်းချပေးမည့် တန်ဖိုးနည်း CDMA 800 MHz စနစ် မိုဘိုင်းလ်ဖုန်း Sim card များဖြင့် အသုံးပြုနိုင်သည့် တရုတ်နိုင်ငံလုပ် ဟန်းဆက် အမျိုးအစားများဖြစ်ပြီး ဟန်းဆက်တစ်ခုလျှင် ငွေ ကျပ် ၅၃ဝဝဝ မှ ငွေကျပ် ၁၅ဝဝဝဝ အထိ ဈေးနှုန်းများ ရှိကြောင်း ဟန်းဆက် အရောင်းဆိုင် ပိုင်ရှင် တစ်ဦးထံမှ သိရသည်။ 
From...မြ၀တီ

No comments:

Post a Comment