Thursday, April 25, 2013

ယခုနှစ် ရန်ကုန်သင်္ကြန်၌ သရုပ်ပျက် ဝတ်စားဆင်ယင်မှု ယမန်နှစ်ထက် နည်းပါးခဲ့ကြောင်း အစိုးရအဖွဲ့ သုံးသပ်


ယခုနှစ် ရန်ကုန်သင်္ကြန်တွင် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများမှာ ပြီးခဲ့သည့်နှစ် သင်္ကြန်ကထက် နည်းပါးခဲ့ကြောင်း ၂၀၁၃ ခုနှစ် သင်္ကြန်ပွဲတော်အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သုံးသပ်မှု များကို အခြေခံ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ၂၀၁၃ ခုနှစ် သင်္ကြန် အား ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သင်္ကြန်ကာလတွင် သရုပ်ပျက် ၀တ်စားဆင်ယင်မှုမှာ ပြီးခဲ့သည့်နှစ် သင်္ကြန်ကလောက် ဆိုးရွားခြင်း မရှိ ခဲ့ကြောင်းနှင့် ရေကစား မဏ္ဍပ် များတွင် ရေကစားရန် နေရာများအား အနည်းငယ်သာထားရှိပြီး မဏ္ဍပ်ပေါ်တွင် ကခုန်ရန် နေရာများ အားအကျယ်အ၀န်း များများယူထားခဲ့ကြောင်း၊ ထို့ပြင် မဏ္ဍပ်များအား အလုံပိတ် ဆောက် လုပ်ခြင်း များရှိခဲ့ပြီး ယင်းသို့ အလုံပိတ် ဆောက်လုပ်မှုများမှာ ကမ္ဘာအေးစေတီလမ်းပေါ်တွင် ပိုမိုများပြားခဲ့ သည်ဟု ယင်းသုံးသပ်ချက်တွင် ပါရှိသည်။ ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်များအနေဖြင့် ခွင့်ပြု သည့် ပေ ပမာဏထက် ပိုမိုဆောက်လုပ်ခြင်း (ဥပမာ- ပေ ၁၀၀ ခွင့်ပြုသည်ကို ပေ ၁၂၀ အထိ ဆောက် လုပ်ခြင်း) ၊ ရေပိုက်များ ခွင့်ပြုချက်ထက် ပိုသွယ်ခြင်း၊ မဏ္ဍပ်ဆောက်လုပ်ရာတွင် သစ်ပင်များ ပျက်စီးခြင်း စသည့် စည်းကမ်း ဖောက်ဖျက်မှုများ ရှိခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။ ယခု အခါ သင်္ကြန်ကာလအတွင်း မဏ္ဍပ်များအား ရိုက်ကူး ထားသော မှတ်တမ်း ဓာတ်ပုံများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ပြန် လည်ကြည့်ရှု စစ်ဆေးကာ စိစစ်ချက်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း၊ ယင်းသုံးသပ်ချက်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်ကြည့်ရှု စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော် တို့ အခုမှတ်တမ်းတွေ ပြန်စစ်နေတယ်။ အဲဒီစိစစ်ချက်တွေကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကို ပြန်တင်ရမယ်။ အဲဒီတင်ပြချက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြည့်ပြီး စည်းကမ်း ဖောက် ဖျက်တဲ့ မဏ္ဍပ်တွေကို ဘယ်လို အရေးယူမယ်ဆိုတာ သိရမှာပါ။ အဲဒီလိုစိစစ်ပြီးမှသာ မဏ္ဍပ် မဆောက် ခင် ပေးသွင်းထားတဲ့ အာမခံ စပေါ်ငွေကို ပြန်ထုတ်ပေးသွားမှာပါ" ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ယခင်နှစ်များက သင်္ကြန် မဏ္ဍပ် ဆောက် လုပ်မှုများတွင် စည်းကမ်းဖောက်ဖျက်သော မဏ္ဍပ်များအား ဒဏ်ငွေများ ပေးဆောင်စေ ခဲ့ပြီး ယင်း ဒဏ်ငွေကို အာမခံ စပေါ်ငွေထဲမှ နှုတ်ယူခဲ့ခြင်း ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

No comments:

Post a Comment