ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့ Comment
အချို့ကိုတွေ့လိုက်လို့ ဒီစာကို ရေးလိုက်ရတာပါ။ အပုပ်ချထားတဲ့စာထဲမှာ
သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာကြီးမှာ သူစီးမဲ့
ရထားထွက်သွားလို့ သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို
လက်သီးနဲ့ထိုးတယ်ဆိုပြီး ရေးထား ပါတယ်။ ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့်  ရုံပိုင်ချုပ်လည်း
အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ်သားလဲ ကျောင်းထုတ်ခံရတယ်လို့ရေးထားပါတအချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။ ရုံပိုင်ချုပ်က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ် (၁၈)က ကိုကောင်းမြတ်သူပါ။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။
ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း ကျောင်းထုတ်တယ် ဆိုတာ မဟုတ်ပါဘူး။
အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ အဲဒီအချိန်က မန္တလေးဘူတာမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။
သူဆုံးသွားလို့ သူ့အကြောင်းမကောင်းပြောတာမဟုတ်ပ
ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေ တစ်ခါတည်း ယူပြီးလာခဲ့ ဆိုပြီး ပြောလိုက်ပါတယ်၊
ဒုဗိုလ်မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။ ပစ္စည်းတွေ လဲ ပါလာပါတယ်။
အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်ချုပ်က စကားပြောနေပါတယ်။
ရုံပိုင်ချုပ်က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက်မှတ်တွေကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိတစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။ အခုလက်ရှိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။
ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေးလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်းထား တာပါ။ ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြော ပါတယ်။
အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေ တာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။
အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက်အစောကြီးကတည်းက ကျွန်တော် လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန်နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။
မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့ သွားလာနေတဲ့သူတွေကျတော့ ဒီလို လက်မှတ်လုပ်မပေးတာ ကောင်းသလား ဆိုပြီး စကားများကြတာပါ။
ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။ ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။
ဒီမှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။
ဖြစ်စဉ်က ဒါပါပဲ။
အဲဒီတုန်းက ရုံပိုင် ဘယ်လိုလူစားလဲ ဆိုတာ မကြာပါဘူး။ ပြဿနာ တက်ပါတယ်။
မန္တလေး ဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ ကျောင်းပိတ်လို့ ခွင့်ပြန်ကြတဲ့အချိန်မှာ ဖြစ်တာပါ။
ရုံပိုင်ကို အဲဒီတုန်းက စစ်တိုင်းမှူးက ဆေးကျောင်းသားတွေအတွက် ရထားလက်မှတ်တွေ ချန်ခိုင်းထားပါတယ်။
ကျောင်းသားတွေလည်း Ok ဆိုပြီး ဘူတာကို အုပ်စုလိုက်ကြီး ရောက်လာကြပါတယ်။
ဘူတာလည်းရောက်ရော ကျောင်းသားတွေဖို့ လက်မှတ်မရှိဘူး ဆိုပြီး ရုံပိုင်ချုပ်က ပြောပါတယ်။
အမှန်တော့ ကျောင်းသားတွေအတွက်လက်မှတ်တွေကိ
မင်းတို့လို ကောင်တွေနဲ့ ပြောရတာ အချိန်ကုန်တယ်။ မအေလိုးတွေဆိုပြီး ဆဲတာပါ။
အဲတော့ ကျောင်းသားတွေက စိတ်တိုပြီး ရုံပိုင်ချုပ်ကို ၀ိုင်းရိုက်ဖို့ လုပ်ပါတယ်။
ကျောင်းသားတွေကလည်း စစ်တိုင်းမှူးကို ပြောထားတယ်။ စစ်တိုင်းမှူးကလည်း ပြောထားပြီးပြီ ဆိုတော့ ရပြီဆိုပြီး စိတ်အေးလက်အေး ဘူတာဆင်းသွားကြတာပါ။
အဲတုန်းက ပြဿနာဖြစ်ခဲ့တဲ့ ကျောင်းသားတွေက အသိဆုံးပါ။ရုံပိုင်ချုပ်က ငွေမက်တယ်။
မှောင်ခိုပဲ ရောင်းစားတယ်။ တစ်ကယ် လိုချင်ရင် ဈေးကြီးပေးပြီး ၀ယ်ရတယ်။
ဒီမှာပဲ ရဲတွေရောက်လာပြီး ကျောင်းသားတွေကိုတားပါတယ်။ ကျောင်းသားတွေအားလုံး ရုံပိုင်ချုပ်ကို တစ်ကယ် ရိုက်တော့မှာပါ။
နောက် လပခ က စစ်သားတွေ ရောက်လာတယ်။
နောက်ဆုံးမှ ကျောင်းသားတွေ လက်မှတ်ရပါတယ်။ ပြီးတော့ ရထားပေါ်တက်ပြီး အိမ်ပြန်လာခဲ့ကြတယ်။
နောက်တော့သတင်းကြားပါတယ်။ ရုံပိုင်ကို အဖွဲ့ဖွဲ့စစ်တော့ ကျောင်းသားတွေ နာမည်နဲ့ လက်မှတ်နေရာ တွေကို မှောင်ခိုရောင်းထားတာ တွေ့ရတယ်လို့ ပြောပါတယ်။ ဒါတင်မကဘူး မရိုးမသား ထင်ရာစိုင်းလုပ်နေတဲ့ အခြား အလွဲသုံးစားတွေလည်း ပေါ်ပါတယ်။
ဒီမှာပဲ ရုံပိုင်ကို အနားပေးလိုက်တာပါ။ တစ်ကယ်က ရုံပိုင်က အဲလိုလူမျိုးပါ။
ကျွန်တော်အနေနဲ့ အဲဒီဖြစ်စဉ်တွေမှာ ရုံပိုင်ချုပ်နဲ့တကယ်ကြုံတွေ့ပြ
ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)
ရသလေး Facebook မှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment