Tuesday, April 2, 2013

၄၈ လမ်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးရတဲ့အခြေအနေများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား မနက် ၇ နာရီ၊ ၈နာရီသတင်းများမှာ ထုတ်လွှင့်ပေး ခဲ့

၄၈ လမ်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးရတဲ့အခြေအနေများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား မနက် ၇ နာရီ၊ ၈နာရီသတင်းများမှာ ထုတ်လွှင့်ပေး ခဲ့ပါတယ်။

၉နာရီသတင်းမှာတော့ အခင်းဖြစ်ပွားရာနေရာက တွေ့ဆုံမေးမြန်းခဲ့မှုများနဲ့ ထပ်မံတင်ဆင်ဖို့ ဆောင်ရွက်နေပါတယ်။



ပြန်လည်တွေ့ရှိသူ လေးဦးဟာ ထိခိုက်ဒဏ်ရာမှု မရှိပါဘူး။ အင်တာနက်က ကောလဟာလများကို မယုံကြပါနဲ့။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ တီဗီ၊ ရေဒီယိုသတင်းများကို တစ်နာရီတစ်ကြိမ် Update လွှင့်ပေးနေပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်ပြီးသံသယရှိဖွယ်ရာများတွေ့ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများကို သတင်းပေးပို့ကြပါ။ ဘာသာအားလုံး မိမိတို့ ဒေသ၊ နိုင်ငံ၊ လုံခြုံ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးစစ်ဆေးတွေ့ရှိချက်များကို ပိုမိုခိုင်မာအောင် မီးသတ်တပ်ဖွဲ့ ကလည်း တိတိကျကျ စစ်ဆေးနေပါတယ်။

ပြည်တွင်းမီဒီယာများကလည်း သတင်းအချက်အလက်များလိုအပ်ပါက တိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ်ရဲစခန်းများမှာ ဆက်သွယ်ရယူနိုင်ပါတယ်။ မေးမြန်း စုံစမ်းမှုများကို ဖြေကြားပေးဖို့အတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ပါတယ်။

Ye Htut Facebook မှ

No comments:

Post a Comment