Wednesday, April 10, 2013

ဗလီများ ဆောက်လုပ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက် မရရှိဘဲ ဗလီများ ဆောက်လုပ်ခွင့် ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ ပြောကြား

ဗလီများ ဆောက်လုပ်နိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက် မရရှိဘဲ ဗလီများ ဆောက်လုပ်ခွင့် ဗလီများအတွင်း စာသင်ကြားခွင့် မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ အတွင်းရေမှူး ဦးခင်မောင်သိန်းက ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့နှင့် မီဒီယာ များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဗလီအပါအဝင် သာသနာပိုင် အဆောက်အဦများ ဆောက်လုပ်ရန် သာသနာရေး ဦးစီးဌာန၏ ထောက် ခံချက်ရယူရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ရယူရာတွင် သာသနာ့မြေ အဖြစ် လျောက် ထားသော မြေ သည်သာသနာ့မြေ ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုတင်ပြနိုင်ရမည် ဖြစ်ကြောင်း၊ သိရှိရသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးရုံးမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြရ မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ ထောက်ခံချက် ရရှိပြီးပါကပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း ဦးခင်မောင်သိန်းက ပြောကြားခဲ့သည်။

လျောက်ထားမှုများအတွက် သက်ဆိုင်ရာစည်ပင်သာယာရေး ကော်မတီနှင့် အိုးအိမ်ဦးစီးဌာနမှ လိုအပ် သလို စိစစ်သွားမည်ဖြစ်ပြီး အချက်အလက်မပြည့်စုံပါက သတ်မှတ်ကာလထက် ကြာမြင့် မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီး၏ ခွင့်ပြုချက်မရဘဲ ဗလီ များ ဆောက်လုပ်ခွင့်မရှိကြောင်း ဗလီများအတွင်း စာသင်ကြားခွင့်မရှိကြောင်း မီဒီယာ တွေ့ဆုံပွဲတွင် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment