သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင် အား
ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူ တစ်စုက
ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်းသိရသည်။
စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း
အမြောက်အများဆုံးရှုံးကြောင်း
မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့် သို့
ပြောသည်။ “ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင် ထားတဲ့ ဓါးပြ ၃
ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ်။ လက်ကောက်တွေ ပါသွား တယ်လို့သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး
” ဟု မြို့ခံ တစ်ဦးက ဆိုသည်။ ၄င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင်
ရဲကင်းတစ်ခုရှိပြီး ဓါးပြ များက သေနတ် ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေးသွား ကြောင်း လူထိခိုက်မှုမရှိကြောင်း အခြားမြို့ခံများ၏ အဆို အရသိရသည် ။
သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင် အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူ တစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်းသိရသည်။ စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများဆုံးရှုံးကြောင်း
မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့် သို့ ပြောသည်။ “ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင် ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ်။ လက်ကောက်တွေ ပါသွား တယ်လို့သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး ” ဟု မြို့ခံ တစ်ဦးက ဆိုသည်။ ၄င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး ဓါးပြ များက သေနတ် ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေးသွား ကြောင်း လူထိခိုက်မှုမရှိကြောင်း အခြားမြို့ခံများ၏ အဆို အရသိရသည် ။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment