Friday, April 12, 2013

အနည်းဆုံး အခကြေးငွေ နည်းဥပေ ဒများ(မူကြမ်း )ရေးဆွဲရေး ပထမ အကြိမ် ညှိနှိုင်းေ ဆွးနွေး


ယနေ့နံနက် ၉ နာရီခွဲတွင် ၂ဝ၁၃ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်(၇)ဖြင့် မတ်၂၂ ရက်က အတည်ပြု ပြဋ္ဌာန်း ခဲ့ပြီးသော ၂ဝ၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေအား ဥပဒေ အာဏာသက်ရောက် စေရန် အတွက် အနည်းဆုံး အခကြေးငွေ နည်းဥပဒေများ (မူကြမ်း)ရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်း ဆွေးနွေး ပွဲကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပ သည်။ 

အဆိုပါ အနည်းဆုံး အခကြေးငွေ နည်းဥပဒေများ(မူကြမ်း) ရေးဆွဲရေး ညှိနှိုင်း ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ပြည်ေ ထာင်စု တရား လွှတ်တော် ချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မွေးမြူေ ရးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီး ဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။
http://bit.ly/17uqvl0

No comments:

Post a Comment