Monday, April 1, 2013

မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်က ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် သုဇာတာ ဆန်တင်သင်္ဘောတို့ တိုက်မိခဲ့ပြီး ခရီးသည် ၃၀ ကျော် ပျောက်ဆုံးလျက်ရှိ

မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်က တွံတေးတူးမြောင်းဝ ဆူးကလပ်ကျေးရွာ အနီးတွင် ရန်ကုန်-ဘိုကလေး-မော်လမြိုင်ကျွန်း ပြေးဆွဲသော ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် ကျိုက်လတ်မှ ထွက်ခွာလာသော သုဇာတာ (သံခွံတစ်ထပ်ရေယာဉ်) ဆန်တင်သင်္ဘောတို့ တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သင်္ဘောတိုက်မိမှု ဖြစ်စဉ်တွင် ခရီးသည် ၁၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ကာ ခရီးသည် ၃၀ ကျော် မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

"ည ၁၀ နာရီမှာ နောက်ဆုံးရရှိတဲ့ အရေးပေါ်စာရင်းတွေအရ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့သိရပါတယ်" ဟု ပြည် တွင်းရေကြောင်း ပို့ဆောင်ရေးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထပ်မံရရှိသည့် သတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
From....Eleven Media Group
 

No comments:

Post a Comment