Friday, April 19, 2013

ဘုရားဆင်းတုတော်များတူးဖော်ရရှိ


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ နဂါးရုံဘုန်းတော် ကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဘဒ္ဒန္တဥူးပဏ္ဍ၀ သီတင်းသုံး ရာကျောင်းဆောင်ရှေ့ ကျောင်းဝင်း အတွင်းရှိပန်းခြံထဲတွင် ဘုရားဆင်းတုတော်များရှိနေကြောင်း အိမ်မက်အရ တူးဖော်ခဲ့ရာ ၂၅-၃-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြေကြီးအတွင်း(၁)ပေခွဲအနက်မှ ဥာဏ်တော် (၅)လက်မရှိ တင်ပလ္လင်ခွေထိုင်လျက် စကျင်ကျောက်အမျိုးအစား စိန်ရောင်အဆင်းရှိ ဆင်းတုတော်(၁)ဆူ၊ ၂၇-၃-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြေကြီး အတွင်း(၁)ပေခွဲအနက်မှ ဥာဏ်တော်(၅) လက်မရှိ တင်ပလ္လင်ခွေထိုင်လျက် စကျင်ကျောက်အမျိုးအစား စိန်ရောင်အဆင်းရှိ ဆင်းတု တော်(၂)ဆူ၊ ၂၉-၃-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြေကြီးအတွင်း(၁)ပေခွဲအနက်မှ ဥာဏ်တော်(၅)လက်မရှိ တင်ပလ္လင်ခွေထိုင်လျက် သစ်သားဖြင့်ရွှေရောင်အဆင်းရှိ ဆင်းတုတော်(၉)ဆူ၊ ၃၀-၃-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြေကြီး အတွင်း(၁)ပေခွဲအနက်မှ ဥာဏ်တော်(၅)လက်မရှိ တင်ပလ္လင်ခွေထိုင်လျက် စကျင်ကျောက် အမျိုးအစား စိန်ရောင်အဆင်းရှိ ဆင်းတုတော်(၁)ဆူနှင့် မြရောင်အဆင်းရှိ ဆင်းတုတော်(၁)ဆူ၊ ၁၈-၄-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြေကြီးအတွင်း (၁)ပေခွဲအနက်မှ ဥာဏ်တော်(၅)လက်မရှိ တင်ပလ္လင်ခွေထိုင်လျက် စကျင်ကျောက်အမျိုးအစား စိန်ရောင်အဆင်းရှိ ဆင်းတုတော်(၁)ဆူနှင့် မြရောင်အဆင်းရှိ ဆင်းတုတော် (၂)ဆူ၊ စုစုပေါင်း ဆင်းတုတော်(၁၇)ဆူတို့အား တူးဖော်ရရှိသဖြင့် ဆရာတော်ဥူးပဏ္ဍ၀မှ ၄င်းသီတင်း သုံးရာ ကျောင်းဆောင်ဘုရားခန်းတွင် ပူဇော်ထားရှိကြောင်းသတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment