Friday, April 19, 2013

19.4.2013 မှ 25.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

 တနင်္ဂနွေ
စိတ်သစ်လူသစ် ဤနှစ်သစ်မှာ အောင်မြင်မှု့ အသစ်တွေ က သင့်ကို ကြိုဆိုနေပါတယ်။ ဤနှစ်မဟာဘုတ် အရ သင့်ကံဇာတာအရလည်း ကံကောင်းပြီ။ ရာထူးတက်ခြင်း ၊ စီးပွားတက်ခြင်း ၊ အလုပ်အကိုင် အဆင်ပြေခြင်း၊ အချစ်ရေး အိမ်ထောင်ရေး ကံကောင်းခြင်းတို့ ဖြစ်မည်။ ခရီး ယာယီ တွေရောက်မည်။ စိတ်ချမ်းသာမှု့ တွေဖြစ်မည်။ ချက်ချင်းအဆင်မပြေ၍ အားမလျော့နှင့် ပြေလာမည်။ ကြီးသူ တစ်ယောက် ချူချာမည်။ စက်အပျက် အ၀င်မတော်ပါ။ 
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။
အထူးဟော - အောင်မြင်တိုးတက်မည်။
ယတြာ - အိမ်ဘုရားကို အုန်းပန်းကပ်ပါ။
 

တနင်္လာ
          လုပ်ငန်းဟောင်း ၊ လုပ်ငန်းသစ် ၊ နေရာသစ်တို့ လုပ်ရမည်။ ခရီးစဉ် အသစ်တွေရောက်မည်။ ရည်ရွယ်ချက်တွေ အဆင်ပြေမည်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။ လူလိမ်ငွေလိမ် ခံရတတ် သည်။ ဂရုစိုက်ပါ။ ရှယ်ယာလုပ်ငန်း မသင့်ပါ။ ပညာရေးကံကောင်းနေမည်။ မရောက်ဘူးသော ခရီးတွေရောက်မည်။ မိတ်ဆွေ သစ်တွေ တွေ့မည်။ အစာအိမ် ၊ ၀မ်းဂရုစိုက်ပါ။ မြေ ရောင်းဝယ် ဖြစ်မည်။
အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။
အထူးဟော - အဆင်ပြေပါပြီ်။
ယတြာ - ကံ့ကော်ညွန့် (၁၅) ညွန့် အိမ်ဘုရားကပ်ပါ။
 
အင်္ဂါ
          ဆုံးဖြတ်ချက်များ ၊ ဆန္ဒများပြည့်လာမည်။ ခရီးဝေး ယာယီတွေရောက်မည်။ လူလိမ် ၊ ငွေလိမ်ခံရတတ်၍ ဂရုစိုက်ပါ။ ဖြစ်ချင်တာတွေနှောင့်နှေးမှု ဖြစ်ပြီးမှ အောင်မြင်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ အလုပ်ကိစ္စဖြင့် ခရီးထွက်များမည်။ အချစ်ရေးကောင်းတယ်။ အချစ်သစ်ထပ်တွေ့ မည်။ ငွေစုလိုက်ဝင်မည်။ ရာထူးတက်မယ် နေရာသစ်ပြောင်းရန်ပေါ်မည်။ မိသားစု နှင့် အတိုက်အခံပေါ် မည်။ ပြန်ပြေလည်မည်။ စက်၊မြေရောင်းထွက်မည်။  
အကျိုးပေးဂဏန်း - ၉ ၊ ၂ ၊ ၄။
အထူးဟော - အဆင်ပြေပါမည်။
ယတြာ - အင်္ဂါနေ့နံနက်တွင် သပြေ (၁၉) ညွန့်ကပ်ပါ။
 
ဗုဒ္ဓဟူး
          စွန့်စားမှု စူးစမ်းမှု့ လွတ်လပ်မှု့ တို့ပြုချင်နေမည်။ ပြုလျှင်ကောင်းပါသည်။ ပညာရေး ၊ လူမှုရေး အလုပ်အကိုင်မှာလည်း စွမ်းဆောင်နိုင်မည်။ ကား၊ယာဉ်၊ စက်တို့ပြောင်းလဲမှုဖြစ်မည်။ ခရီးဝေး သွားခြင်း ပြည်ပ ထွက်ခွာခြင်းတို့အောင်မြင်မည်။ ငွေဝင် ၊ ငွေထွက် ကြမ်းမည်။ ရုတ်တရက် ဆိုင်ကယ် ၊ ကား တို့ ဂရုစိုက်မောင်းပါ။ အမှတ်တမဲ့ထိုးသောထီများ ပေါက်မည်။ ရင် ၊ ၀မ်း ကျန်းမာရေးဂရုစိုက်ပါ။ အနောက်မြောက်အရပ် ခရီးကြည့်ရှောင်ပါ။ အမှားတွေ့တတ်သည်။ 
အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။
အထူးဟော - အဆင်ပြေမည်။
ယတြာ - မြတ်စွာဘုရားရင်တော် ရွှေသင်္ကန်းကပ်ပါ။
 
ကြာသပတေး
          ငွေဝင်သော်လည်း အသုံးကြမ်း၍ ငွေမစုနိုင်ဖြစ်မည်။ သူတစ်ပါး အရှုပ်ကိုယ့်အရှုပ်ဖြစ်တတ်၍ ဆင်ခြင်ပါ။ သူများ ဓားခုတ်ရာ လက်ဝင်လျိုသလို ဖြစ်တတ်၍ ဆင်ခြင်ပါ။ စာမေးပွဲ ၊ ပညာရေး၊ အင်တာဗျူး တွေ အောင်မြင်မည်။ ကတိတစ်ခု အရမ်းမပြုသင့်ပါ။ ခရီးဝေးယာယီ တွေရောက်မည်။ စိတ်လေမည်။ လူယုံမထားသင့်ပါ။ လူပေါင်းမှားမည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ မရောက် ဘူးသောခရီးတွေရောက်မည်။ အလုပ်ပြောင်းရွှေ့မှုဖြစ်မည်။ အိမ်ပြောင်းရတတ်သည်။ မင်္ဂလာလက်ထပ် ပွဲဖြစ်မည်။ အလှူအတန်းအောင်မြင်မည်။ 
အကျိုးပေးဂဏန်း - ၅ ၊ ၃ ၊ ၆။
အထူးဟော - အောင်မြင်မည်။
ယတြာ - သံဃာတော်တွေကို မုန့်ဆွမ်းလှူပါ။
 
သောကြာ
          စိတ်ဒေါသတွေ များနိုင်သောကာလဖြစ်ပါတယ်။ အရာရာ စိတ်တိုင်းမကျဖြစ်နေမည်။ ပစ္စည်းငွေကြေး တွေပျောက်ခြင်း အလိမ်ခံရခြင်း ဖြစ်မည်။ ချစ်သူ ၏ ငြိုငြင် ခြင်းခံရမည်။ ခရီးဝေးတွေရောက်မည်။ လုပ်ငန်းမှာ ပြဿနာ သေးဖွဲဖြေရှင်းရပါမည်။ တာဝန်နေရာ အလွဲပြောင်း ဂရုစိုက် ပါ။ ခြေထောက်ပိုင်းခိုက်မိတတ်၍ ဂရုစိုက်ပါ။ ရှယ်ယာ မလုပ်သင့်ပါ။ မမျှော်လင့်သော ခရီးများထွက်ရ တတ်သည်။ လူယုံမထားသင့်ပါ။ လူပေါင်းမှားတတ်သည်။ စက် ၊မြေတို့ ရောင်းဝယ်ဖြစ်မည်။  
အကျိုးပေးဂဏန်း - ၆ ၊ ၁ ၊ ၉။
အထူးဟော - အခက်အခဲတွေကြုံပြီးမှ စိတ်ချမ်းသာမှုရမည်။
ယတြာ - သောကြာနေ့တွင် မြောက်အရပ်ရှိ လမ်းရေ မြောင်း သန့်ရှင်းရေးလုပ်ပါ။
 
စနေ
          ဆင့်ကဲ ဆင့်ကဲ အောင်မြင်မှု့တို့ ဖြစ်လာမည်။ ဘယ်အရာ ဘယ်အလုပ် ဘယ်စီးပွားရေး ကို ကိုင်တွယ်ရမလဲ ဘဲ စဉ်းစားလိုက်ပါ။ ခရီးယာယီ တွေမြင်တယ်။ ကွက်ကျော်မြင်အကဲခတ်ကောင်းတယ်။ ဆုံးဖြတ်ချက်မြန်တယ်။ ထီပေါက်မည်။ (သို့မဟုတ်) ထီပေါက်သလို ငွေရမည်။ အလုပ်တစ်ခုကို လုပ်နေရင်းနှင့် အခြား အကောင်းဆုံးအလုပ်တစ်ခု ထပ်ပေါ်မည်။ ကြီးမားသော လုပ်ငန်းတစ်ခု ကို ရဲရဲ တင်းတင်း စတင်လိုက်ပါ။ အောင်မြင်မှု့တို့မုချဖြစ်မည်။ အပေါင်းအသင်းကူညီမည်။ ကျန်း မာရေးကောင်းနေမည်။ အချစ်ရေးကောင်းနေမည်။ အိမ်ထောင်ရေးကောင်းနေမည်။ သို့သော် စကားပြော ဆင်ခြင်ပါ။သ င့်စကားတစ်ခွန်းကြောင့် အမုန်းခံရတတ်ပါသည်။  
အကျိုးပေးဂဏန်း - ၄ ၊ ၇ ၊ ၂။
အထူးဟော - အထူးကံကောင်းမည်။
ယတြာ - စနေနေ့တွင် စနေနံဘုရားကို ထီးနီ (၉)လက် လှူပါ။ ရေသက်စေ့ ရေသပ္ပါယ်ပါ။  
From...မြစ်မခ

No comments:

Post a Comment