Wednesday, April 17, 2013

ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်ပွဲတော် အေးချမ်းစွာ ပြီးဆုံး၊ တရားဝင် ထုတ်ပြန်ချက်များအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှု ယခင်နှစ်ထက် နည်းပါး

ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်ပွဲတော် အေးချမ်းစွာ ပြီးဆုံး၊ တရားဝင် ထုတ်ပြန်ချက်များအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှု ယခင်နှစ်ထက် နည်းပါး
Wednesday, April 17,2013 

 

သင်္ကြန်အကြတ်နေ့တွင် လသာမြို့နယ်တွင် ရေပက်ခံကားများ ပိတ်နေသည်ကို တွေ့ရစဉ်

၁၃၇၄ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှုမှာလည်း ယခင်နှစ်ကထက် နည်းပါးခဲ့ကြောင်း သိရှိရသည်။

 သင်္ကြန်ပွဲတော်မတိုင်မီက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့နယ်များတွင် ဖြစ်ပေါ်ခဲ့သော ဆူပူလုယက်မှုများ၏ နောက်ဆက်တွဲ ဂယက်များကြောင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည့် ကောလာဟလ သတင်းများပေါ်ထွက်ခဲ့သည်။ သို့သော်လည်း လုံခြုံရေးအစီအမံများ တိုးမြှင့်ချထားခဲ့မှုကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်စွာဖြင့် သင်္ကြန်ပွဲတော်အား ဆင်နွှဲနိုင်ခဲ့ကြသည်။

သို့ရာတွင် ယခုနှစ် သင်္ကြန်ပွဲတော်သည် ယခင်နှစ်များကနှင့် နှိုင်းယှဉ်မည် ဆိုပါက စည်းကားမှု လျော့နည်းခဲ့ကြောင်း၊ ကောလာဟလ သတင်းများကြောင့် ရေကစားသူများ နည်းပါးသွားခဲ့သလို ရာသီဥတု ပြင်းထန်မှုကြောင့် ရေကစားမဏ္ဍပ်များတွင် လာရောက် ရေကစားသူ အရေအတွက် လျော့နည်းသွားခဲ့ပြီး ခဏတာ လာရောက်လည်ပတ်သူ များပြားခဲ့ကြောင်း ရေကစားသူများ၏ ပြောကြားချက်အရ သိရပါသည်။
ကောလာဟလတွေ ထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ်ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူက များပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူ မများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ် . . . .

ယခင်နှစ်က ရန်ကုန်မြို့တွင် ရေကစားမဏ္ဍပ် အများအပြား ရှိခဲ့ပြီး အများဆုံး လာရောက်ရေကစားခဲ့သည့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ၁၇ ခုသာ ရှိခဲ့ပြီး ရေကစားသူထက် လမ်းလျှောက်ပြီး ရေပက်ခံထွက်သူသာ များခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ပြည်လမ်းတွင် ရေကစားမဏ္ဍပ် သုံးခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၁၀ ခု၊ ဆရာစံလမ်းတွင် တစ်ခုရှိခဲ့ပြီး စုစုပေါင်း ရေကစားမဏ္ဍပ်ကြီး ၄၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ်များအတွက် ထုတ်ပြန်သော စည်းကမ်းပိုင်းတွင် တင်းကျပ်မှုများ ရှိခဲ့ပြီး ပေးသွင်းရသည့် စပေါ်ငွေနှင့် ရေဆက်သွယ်ခ နှုန်းထားများ ယခင်နှစ်ကထက် များပြားခဲ့သည်။ သို့သော်လည်း လက်မှတ်ခ ဈေးနှုန်းများမှာမူ ယခင်နှစ်က အတိုင်းသာ ရောင်းချခဲ့ရကြောင်း ရေကစားမဏ္ဍပ်များ ဦးဆောင်လုပ်ကိုင်သူများက ပြောကြားကြပါသည်။

"ကောလာဟလတွေ ထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ်ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူက များပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူ မများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ်။ ရာသီဥတုက အရမ်းပူတဲ့အတွက် ရေကစားသူ နည်းသွားတာလည်း ဖြစ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့်လည်း အခုလို ရေကစားသူ နည်းခဲ့တာ ဖြစ်နိုင်ပါတယ်" ဟု ရေကစားမဏ္ဍပ် တစ်ခုအား ဦးဆောင်သူ တစ်ဦးက ပြောပါသည်။

Thingyin-april17

ဧပြီလ ၁၆ ရက်နေ့က ပြည်လမ်းမပေါ်ရှိ မဏ္ဍပ်များမှ ဖျော်ဖြေမှု အစီအစဉ်များကို ကြည့်ရှုနေသူများအား တွေ့ရစဉ်

အနုပညာရှင် အသိုင်းအ၀ိုင်းမှ ဦးဆောင်ပြီး ဖွင့်လှစ်သည့် ရေကစားမဏ္ဍပ် အချို့တွင်သာ ရေကစားသူ များပြားခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် ရေကစားမဏ္ဍပ် လက်မှတ်ဈေး အများဆုံးဖြစ်ကြောင်း သိရသည်။

နာမည်ကြီး တေးသံရှင်များဖြင့် ဖျော်ဖြေခဲ့သော ပြည်လမ်းရှိ AGB Bank မဏ္ဍပ်တွင် လာရောက်ကြည့်ရှုသူ ပရိသတ် အများဆုံးရှိခဲ့ကြောင်း သိရပြီး ကျုံးကြီးလမ်းနှင့် ၁၉ လမ်းထောင့်ရှိ Sky Net မဏ္ဍပ်မှာလည်း နာမည်ကြီး အနုပညာရှင်များ လာရောက်ဖျော်ဖြေခဲ့ခြင်းကြောင့် ပရိသတ်များဖြင့် အထူးစည်ကားခဲ့ကြောင်း သိရပါသည်။

"နာမည်ကြီး အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ ရှိတဲ့ မဏ္ဍပ်တွေမှာ လာကြည့်တဲ့ ပရိသတ်တွေနဲ့ လမ်းတွေပိတ်ကုန်တာကြောင့် တစ်နေရာနဲ့ တစ်နေရာ သွားဖို့မလွယ်အောင် လမ်းတွေပိတ်ကုန်တယ်။ ရန်ကုန်မှာ သင်္ကြန်ရက် မဟုတ်ဘဲတောင် လမ်းတွေက ပိတ်နေတာ။ သင်္ကြန်တွင်းမှာတော့ လမ်းတွေ အရမ်းပိတ်တယ်။ အဲဒါကြောင့် အများစုကတော့ အပြင်မထွက်ဘဲ တီဗွီက တိုက်ရိုက်ပြနေတဲ့ သင်္ကြန်ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ကြတာ များပါတယ်။ သင်္ကြန်တွင်းမှာ လိုင်းကားက နေရာတိုင်းမရောက်သလို Taxi တွေက အရမ်းဈေးကြီးတော့ အပြင်ထွက်လည်သူ နည်းပါတယ်" ဟု ရန်ကုန်မြို့ခံ တစ်ဦးကလည်း ပြောပြခဲ့သည်။

ယခုကဲ့သို့ သွားလာရေး အခက်အခဲကြောင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ်သူထက် မိမိတို့ နေထိုင်ရာ မြို့နယ်များအတွင်း၌သာ ရေကစားသူ များပြားခဲ့ပြီး ဆင်ခြေဖုံး မြို့နယ်များတွင် ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သင်္ကြန်အကြိုနှင့် အကျနေ့များတွင် ရေကစားမဏ္ဍပ်များသို့ လာရောက်ရေကစားသူ များပြားခဲ့ခြင်း မရှိသော်လည်း သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့များတွင်မူ ကောလာဟလ သတင်းများ မှန်ကန်မှု မရှိခြင်းကြောင့် ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်းလည်း ရေပက်ခံထွက်သူများ၏ ပြောကြားချက်အရ သိရပါသည်။ နံနက်ပိုင်းထက် မွန်းလွဲပိုင်းတွင် ရေကစားသူ ပိုမိုများပြားသည်ဟု သိရပြီး Iron Cross တေးဂီတအဖွဲ့ ဖျော်ဖြေသည့် AGB Bank ရေကစားမဏ္ဍပ်နှင့် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ရေကစားမဏ္ဍပ်ရှိရာ အင်းလျားကန်ပေါင်အနီးရှိ ပြည်လမ်းမတစ်လျှောက်တွင် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရသည်အထိ လာရောက်ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။

Thingyin2-april17

ဧပြီလ ၁၄ ရက်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းသို့ ရေကစားနေသူများအား တွေ့ရစဉ်

ယခုနှစ် သင်္ကြန်တွင် ၈၈ မျိုးဆက်အဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းဖွဲ့စည်းထားသည့် "ဒေါင်းမျိုးဆက်" သံချပ်အဖွဲ့ အပါအ၀င် သံချပ်အဖွဲ့ အများအပြားသည် ရန်ကုန်မြို့တွင်းရှိ ဖျော်ဖြေရေး မဏ္ဍပ်များသို့ လှည့်လည် ဖျော်ဖြေခဲ့ရာ အားပေးသူ ပရိသတ်များဖြင့် စည်ကားခဲ့သည်ကိုလည်း တွေ့ရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဖွဲ့စည်းထားသည့် "ပေးဆပ်သူများ" သံချပ်အဖွဲ့မှ ဒေါ်သန်းမြင့်အောင်က "ပြည်သူလူထုကိုယ်စား ရင်ဖွင့်နေကြခြင်း ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပဋိပက္ခ ဖြစ်နေကြသူတွေ အားလုံး ငြိမ်းချမ်းစေချင်ပါတယ်၊၊ တစ်နေ့ကျရင် လူတွေအားလုံး သေကြရမှာပဲ။ မသေခင်မှာ အများအကျိုး လုပ်ကြစေချင်ပါတယ်။ နာရေးကူညီမှု အသင်းက အများရဲ့ ဒုက္ခတွေကို ကူညီသွားမယ့် ပေးဆပ်သူများသာဖြစ်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံချပ်အဖွဲ့ကို အခုလို အမည်ပေးခဲ့တာပါ။ ဘယ်လိုအဟန့်အတားတွေ ရှိနေပါစေ အမှန်တရားကို လက်ကိုင်ထားပြီး ရှေ့ဆက်သွားမှာပါ" ဟု ပြောပါသည်။

မိတ္ထီလာနှင့် ပဲခူးတိုင်းအတွင်း ဖြစ်ပွားခဲ့သော ဆူပူလုယက်မှုများကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဆက်လက်မဖြစ်ပွားစေရန် လူမှုရေး အသင်းအဖွဲ့များမှ တီရှပ်များဝေကာ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သလို လုံခြုံရေးတာဝန် ယူထားသော ရဲတပ်ဖွဲ့ဝင်များကလည်း ရန်ကုန်မြို့တွင် အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ခဲ့သောကြောင့် ယခုနှစ် သင်္ကြန်တွင် မှုခင်းဖြစ်စဉ်များ လျော့ကျသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြပါသည်။

"ဒီနှစ် သင်္ကြန်ကာလမှာ မှုခင်းဖြစ်စဉ်တွေ ပြီးခဲ့တဲ့နှစ်ကထက် လျော့ကျသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ခိုက်ရန်ဖြစ်ပွားပြီဆိုရင် အသုံးပြုတဲ့ လက်နက်တွေကို အရင်သိမ်းဆည်းပါတယ်။ သောက်စားပြီးမောင်းတဲ့ ယာဉ်မောင်းတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး အရေးယူခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံး ၀တ်စုံလက်နက် အပြည့်အစုံနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မူးယစ်ပြီး ခိုက်ရန်မဖြစ်ပွားအောင် အရက်သေစာ ရောင်းချတဲ့ ဆိုင်တွေကိုလည်း ထိရောက်စွာ တားဆီး အရေးယူခဲ့ပါတယ်။ မဏ္ဍပ် အ၀င်အထွက်တွေမှာလည်း ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ရဲမှူးသက်ထွန်းက ပြောကြားပါသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၈၃ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ယာဉ်တိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကြောင်း၊ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ယာဉ်တိုက်မှု ခုနစ်ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ခုနစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦး ရှိခဲ့ကြောင်း၊ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ယာဉ်တိုက်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့ကြောင်း၊ အခြားသေမှုသေခင်းများ အနေဖြင့် သေဆုံးသူ ခြောက်ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်မြို့နည်းတူ အခြား နယ်မြို့ကြီးများတွင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့ကြောင်း သိရပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် သင်္ကြန်နောက်ဆုံးနေ့က မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် ရေကစားခြင်း ခေတ္တရပ်ခဲ့ရသည်မှလွဲပြီး ထူးခြားဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့၌ ပထမဆုံး ကျင်းပသော မိုင်ဒါကွင်း သင်္ကြန်ပွဲတော်မှာ အထူးတလည် စည်ကားမှု မရှိခဲ့ဘဲ လည်ပတ်သူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရပြီး ကန်တော်ကြီး ကရ၀ိတ် ဥယျဉ်အတွင်း ကျင်းပခဲ့သော သင်္ကြန်ပွဲတော်မှာ ဖျော်ဖြေရေး အစီအစဉ်များကြောင့် စည်ကားမှု ရှိခဲ့သည်ဟု သွားရောက်လည်ပတ်ခဲ့သူများ၏ ပြောကြားချက်များအရ သိရပါသည်။

နေပြည်တော် (ပျဉ်းမနား) တွင် သင်္ကြန်နောက်ဆုံးနေ့ (အတက်နေ့) ညနေပိုင်း၌ မိုးသက်လေပြင်းများ ကျရောက်ခဲ့သော်လည်း သင်္ကြန်ပွဲတော်အား စည်ကားစွာဖြင့် ကျင်းပပြီးစီးသွားခဲ့ကြောင်း အခြားနယ်မြို့ကြီးများတွင်လည်း သင်္ကြန်ပွဲတော်ကို အေးချမ်းစွာဖြင့် ဆင်နွှဲနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
Eleven Media Group

၁၃၇၄ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှုမှာလည်း ယခင်နှစ်ကထက် နည်းပါးခဲ့ကြောင်း သိရှိရ သည်။

သင်္ကြန်ပွဲတော်မတိုင်မီက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့ နယ်များတွင် ဖြစ်ပေါ်ခဲ့သော ဆူပူလုယက်မှုများ၏ နောက်ဆက်တွဲ ဂယက်များကြောင့် အကြမ်းဖက် မှုများ ပေါ်ပေါက်လာမည့် ကောလာဟလ သတင်းများပေါ်ထွက်ခဲ့သည်။ သို့သော်လည်း လုံခြုံရေး အစီ အမံများ တိုးမြှင့်ချထားခဲ့မှုကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်စွာဖြင့် သင်္ကြန်ပွဲတော်အား ဆင်နွှဲနိုင်ခဲ့ကြသည်။

သို့ရာတွင် ယခုနှစ် သင်္ကြန်ပွဲတော်သည် ယခင်နှစ်များကနှင့် နှိုင်းယှဉ်မည် ဆိုပါက စည်းကားမှု လျော့နည်း ခဲ့ကြောင်း၊ ကောလာဟလသတင်းများကြောင့် ရေကစားသူများ နည်းပါးသွားခဲ့သလို ရာသီဥတု ပြင်းထန် မှုကြောင့် ရေကစားမဏ္ဍပ်များတွင်လာရောက် ရေကစားသူအရေအတွက် လျော့နည်းသွားခဲ့ပြီး ခဏတာ လာရောက်လည်ပတ်သူ များပြားခဲ့ကြောင်း ရေကစားသူများ၏ ပြောကြားချက်အရ သိရပါသည်။
ကောလာဟလတွေထွက်နေလို့ လက်မှတ်တွေ ထင်သလောက်ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ် ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူကများပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူမများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ် . . . .

ယခင်နှစ်က ရန်ကုန်မြို့တွင် ရေကစားမဏ္ဍပ် အများအပြား ရှိခဲ့ပြီး အများဆုံး လာရောက်ရေကစားခဲ့သည့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ၁၇ ခုသာ ရှိခဲ့ပြီး ရေကစားသူထက် လမ်းလျှောက် ပြီး ရေပက်ခံထွက်သူသာ များခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ပြည် လမ်းတွင် ရေ ကစား မဏ္ဍပ် သုံးခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၁၀ ခု၊ ဆရာစံလမ်းတွင် တစ်ခုရှိခဲ့ပြီး စုစုပေါင်း ရေကစား မဏ္ဍပ်ကြီး ၄၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ်များအတွက် ထုတ်ပြန်သော စည်းကမ်းပိုင်းတွင် တင်းကျပ်မှုများ ရှိခဲ့ပြီး ပေးသွင်းရသည့်စပေါ်ငွေနှင့် ရေဆက်သွယ်ခ နှုန်းထားများ ယခင်နှစ်ကထက် များပြားခဲ့သည်။ သို့သော်လည်း လက်မှတ်ခ ဈေးနှုန်းများမှာမူ ယခင်နှစ်က အတိုင်းသာ ရောင်းချခဲ့ရကြောင်း ရေကစား မဏ္ဍပ်များ ဦးဆောင်လုပ်ကိုင်သူများက ပြောကြားကြပါသည်။

"ကောလာဟလတွေထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ် ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူကများပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူမများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူကများ တယ်။ ရာသီဥတုက အရမ်းပူတဲ့အတွက် ရေကစားသူနည်းသွားတာလည်း ဖြစ်နိုင်သလို ခရမ်း လွန်ရောင်ခြည်ဒဏ်ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့်လည်း အခုလို ရေကစားသူနည်းခဲ့တာ ဖြစ်နိုင် ပါတယ်" ဟု ရေကစားမဏ္ဍပ် တစ်ခုအား ဦးဆောင်သူ တစ်ဦးက ပြောပါသည်။

Thingyin-april17


အနုပညာရှင် အသိုင်းအ၀ိုင်းမှ ဦးဆောင်ပြီး ဖွင့်လှစ်သည့် ရေကစားမဏ္ဍပ် အချို့တွင်သာ ရေကစားသူ များပြားခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် ရေကစားမဏ္ဍပ် လက်မှတ်ဈေး အများဆုံးဖြစ်ကြောင်း သိရသည်။

နာမည်ကြီး တေးသံရှင်များဖြင့် ဖျော်ဖြေခဲ့သော ပြည်လမ်းရှိ AGB Bank မဏ္ဍပ်တွင် လာရောက်ကြည့်ရှုသူ ပရိသတ် အများဆုံးရှိခဲ့ကြောင်း သိရပြီး ကျုံးကြီးလမ်းနှင့် ၁၉ လမ်းထောင့်ရှိ Sky Net မဏ္ဍပ်မှာလည်း နာမည်ကြီး အနုပညာရှင်များ လာရောက်ဖျော်ဖြေခဲ့ခြင်းကြောင့် ပရိသတ်များဖြင့် အထူးစည်ကားခဲ့ကြောင်း သိရပါသည်။

"နာမည်ကြီး အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ ရှိတဲ့ မဏ္ဍပ်တွေမှာ လာကြည့်တဲ့ ပရိသတ်တွေနဲ့ လမ်းတွေပိတ်ကုန်တာကြောင့် တစ်နေရာနဲ့ တစ်နေရာ သွားဖို့မလွယ်အောင် လမ်းတွေပိတ်ကုန်တယ်။ ရန်ကုန်မှာ သင်္ကြန်ရက် မဟုတ်ဘဲတောင် လမ်းတွေက ပိတ်နေတာ။ သင်္ကြန်တွင်းမှာတော့ လမ်းတွေ အရမ်းပိတ်တယ်။ အဲဒါကြောင့် အများစုကတော့ အပြင်မထွက်ဘဲ တီဗွီက တိုက်ရိုက်ပြနေတဲ့ သင်္ကြန်ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ကြတာများပါတယ်။ သင်္ကြန်တွင်းမှာ လိုင်းကားက နေရာ တိုင်းမရောက်သလို Taxi တွေက အရမ်းဈေးကြီးတော့ အပြင်ထွက်လည်သူနည်းပါတယ်" ဟု ရန်ကုန်မြို့ခံ တစ်ဦးကလည်း ပြောပြခဲ့သည်။

ယခုကဲ့သို့ သွားလာရေးအခက်အခဲကြောင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ်သူထက် မိမိတို့ နေထိုင်ရာ မြို့နယ်များအတွင်း၌သာ ရေကစားသူ များပြားခဲ့ပြီး ဆင်ခြေဖုံး မြို့နယ်များတွင် ရေ ကစားသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သင်္ကြန်အကြိုနှင့် အကျနေ့များတွင် ရေကစားမဏ္ဍပ်များသို့ လာရောက်ရေကစားသူ များပြားခဲ့ခြင်း မရှိသော်လည်း သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့များတွင်မူ ကောလာဟလသတင်းများ မှန်ကန်မှု မရှိခြင်းကြောင့် ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်းလည်း ရေပက်ခံထွက်သူများ ၏ ပြောကြားချက်အရသိရပါသည်။ နံနက်ပိုင်းထက် မွန်းလွဲပိုင်းတွင် ရေကစားသူ ပိုမိုများပြားသည်ဟု သိရပြီး Iron Cross တေးဂီတအဖွဲ့ ဖျော်ဖြေသည့် AGB Bank ရေကစားမဏ္ဍပ်နှင့် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ရေကစားမဏ္ဍပ်ရှိရာ အင်းလျားကန်ပေါင်အနီးရှိ ပြည်လမ်းမ တစ်လျှောက်တွင် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရသည်အထိ လာရောက်ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရ သည်။

Thingyin2-april17


ယခုနှစ် သင်္ကြန်တွင် ၈၈ မျိုးဆက်အဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းဖွဲ့ စည်းထား သည့် "ဒေါင်းမျိုးဆက်" သံချပ်အဖွဲ့ အပါအ၀င် သံချပ်အဖွဲ့ အများအပြားသည် ရန်ကုန်မြို့ တွင်းရှိ ဖျော်ဖြေရေးမဏ္ဍပ်များသို့ လှည့်လည် ဖျော်ဖြေခဲ့ရာ အားပေးသူ ပရိသတ်များဖြင့် စည်ကားခဲ့ သည်ကိုလည်း တွေ့ရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဖွဲ့စည်းထားသည့် "ပေးဆပ်သူများ" သံချပ် အဖွဲ့ မှ ဒေါ်သန်းမြင့်အောင်က "ပြည်သူလူထုကိုယ်စား ရင်ဖွင့်နေကြခြင်း ဖြစ် ပါတယ်။ လောဘ ၊ ဒေါသ ၊ မောဟတွေနဲ့ ပဋိပက္ခ ဖြစ်နေကြသူတွေ အားလုံးငြိမ်းချမ်းစေချင်ပါတယ်၊၊ တစ်နေ့ကျရင် လူတွေ အားလုံး သေကြရမှာပဲ။ မသေခင်မှာ အများအကျိုး လုပ်ကြစေချင်ပါတယ်။ နာရေးကူညီမှု အသင်းက အများရဲ့ ဒုက္ခတွေကို ကူညီသွားမယ့် ပေးဆပ်သူများသာဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံချပ်အဖွဲ့ကို အခုလို အမည်ပေးခဲ့တာပါ။ ဘယ်လိုအဟန့်အတားတွေ ရှိနေပါစေ အမှန်တရားကို လက်ကိုင် ထားပြီး ရှေ့ဆက်သွားမှာပါ" ဟု ပြောပါသည်။

မိတ္ထီလာနှင့် ပဲခူးတိုင်းအတွင်း ဖြစ်ပွားခဲ့သော ဆူပူလုယက်မှုများကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိ ပက္ခများ ဆက်လက်မဖြစ်ပွားစေရန် လူမှုရေး အသင်းအဖွဲ့များမှ တီရှပ်များဝေကာ စည်းရုံးလှုံ့ဆော် မှုများ ပြုလုပ်ခဲ့သလို လုံခြုံရေးတာဝန် ယူထားသော ရဲတပ်ဖွဲ့ဝင်များကလည်း ရန်ကုန်မြို့တွင် အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ခဲ့သောကြောင့် ယခုနှစ် သင်္ကြန်တွင် မှုခင်းဖြစ်စဉ်များ လျော့ကျ သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြပါသည်။

"ဒီနှစ် သင်္ကြန်ကာလမှာ မှုခင်းဖြစ်စဉ်တွေ ပြီးခဲ့တဲ့နှစ်ကထက် လျော့ကျသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ခိုက်ရန်ဖြစ်ပွားပြီဆိုရင် အသုံးပြုတဲ့ လက်နက်တွေကို အရင်သိမ်းဆည်းပါ တယ်။ သောက်စား ပြီးမောင်းတဲ့ ယာဉ်မောင်းတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး အရေးယူခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအားလုံး ၀တ်စုံလက်နက် အပြည့်အစုံနဲ့ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ မူးယစ်ပြီး ခိုက်ရန်မဖြစ်ပွားအောင် အရက်သေစာ ရောင်းချတဲ့ ဆိုင်တွေကိုလည်း ထိရောက်စွာ တားဆီး အရေးယူခဲ့ပါတယ်။ မဏ္ဍပ် အ၀င်အထွက်တွေမှာလည်း ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ရဲမှူးသက်ထွန်း က ပြောကြားပါသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၈၃ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ယာဉ်တိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကြောင်း၊ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ယာဉ်တိုက်မှု ခုနစ်ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ခုနစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦး ရှိခဲ့ကြောင်း၊ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ယာဉ်တိုက်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့ကြောင်း၊ အခြားသေမှုသေခင်းများ အနေဖြင့် သေ ဆုံးသူ ခြောက်ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်မြို့နည်းတူ အခြား နယ်မြို့ကြီးများတွင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့ကြောင်း သိရပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် သင်္ကြန်နောက်ဆုံးနေ့က မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် ရေကစားခြင်း ခေတ္တရပ်ခဲ့ရသည်မှလွဲပြီး ထူးခြားဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့၌ ပထမဆုံး ကျင်းပသော မိုင်ဒါကွင်း သင်္ကြန်ပွဲတော်မှာ အထူးတလည် စည်ကားမှု မရှိခဲ့ဘဲ လည်ပတ်သူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရပြီး ကန်တော်ကြီး ကရ၀ိတ် ဥယျဉ်အတွင်း ကျင်းပခဲ့သော သင်္ကြန်ပွဲတော်မှာ ဖျော်ဖြေရေး အစီအစဉ်များကြောင့် စည်ကားမှု ရှိခဲ့သည်ဟု သွားရောက်လည်ပတ်ခဲ့သူများ၏ ပြောကြားချက်များအရ သိရပါသည်။

နေပြည်တော် (ပျဉ်းမနား) တွင် သင်္ကြန်နောက်ဆုံးနေ့ (အတက်နေ့) ညနေပိုင်း၌ မိုးသက်လေပြင်းများ ကျရောက်ခဲ့သော်လည်း သင်္ကြန်ပွဲတော်အား စည်ကားစွာဖြင့် ကျင်းပပြီးစီးသွားခဲ့ကြောင်း အခြားနယ် မြို့ကြီးများတွင်လည်း သင်္ကြန်ပွဲတော်ကို အေးချမ်းစွာဖြင့် ဆင်နွှဲနိုင်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Eleven Media Group

No comments:

Post a Comment