Thursday, April 18, 2013

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၌ အောင်စာရင်းများ ထုတ်ပြန်ကြေညာ



၂၀၁၂-၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၌ အခြေခံ ပညာစာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဧပြီလ (၁၈) ရက်နေ့တွင် သက်ဆိုင်ရာ ကျောင်းများအလိုက် အသီးသီး ထုတ်ပြန်ကြေညာခဲ့ပြီး သူငယ်တန်းမှ န၀မတန်းအထိ အတန်းစဉ်အလိုက် အောင်ချက်ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း သိရှိရပါသည်။


အခြေခံပညာကဏ္ဍ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် သူငယ်တန်းမှ သတ္တမတန်း အထိ နှစ်စဉ် ရာနှုန်းပြည့်နီးပါး အောင်မြင်လေ့ရှိကြပြီး အဋ္ဌမတန်းနှင့် န၀မတန်း တို့တွင်လည်း ကျရှုံးသူဦးရေ နည်း ပါးကြောင်း မြောက်ဒဂုံမြို့နယ်ရှိ အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦး က ပြောပြခဲ့သည်။ အောင်စာရင်းထုတ်ပြန်ရာတွင်လည်း အခြေခံပညာ ကျောင်းများနည်းတူ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင်လည်း ထုတ်ပြန်ခဲ့ကြပြီး စမ်းသပ်လုပ်ကိုင်ခွင့် ရရှိခဲ့ကြသည့် ပုဂ္ဂလိက ကျောင်း များသည်လည်း ၎င်းတို့နှင့် တွဲဖက်ထားသည့်သက်ဆိုင်ရာ မြို့နယ်အလိုက် ကျောင်းများတွင်လည်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

“အောင်ချက်ရာခိုင်နှုန်းတွေက တန်းစဉ်အလိုက် မြင့်မားပါတယ်။ သူငယ်တန်းကနေ န၀မတန်းအထိကို ရာနှုန်းပြည့်နီးပါး အောင်မြင်ခဲ့ပါတယ်” ဟု ရွှေပင်ရွှေသီး ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးက ပြောခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်သည့် စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းပေါင်း (၅၂၁၆၁) ကျောင်းရှိပြီး ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းပေါင်း (၆၀) ကျော် ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment