မနက်ခင်းအိပ်ရာထတာနဲ့ ဆေးလိပ်အရင်သောက်တဲ့သူတွေဟာ အဆုတ်နဲ့ ခံတွင်းကင်ဆာတွေဖြစ်နိုင်ချေပိုများတယ်လို့ သုတေသန ပညာရှင်တွေက ရှာဖွေသိရှိခဲ့ပါတယ်...
သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ မနက် အိပ်ရာနိုးနိုး ချင်း ဆေး လိပ်သောက်သူတွေမှာ ဆေးလိပ်ကနေပြီး ကင်ဆာကိုဖြစ်စေနိုင်တဲ့ ကာစီနိုဂျင်ရဲ့ အကျိုးသက်ရောက်မှုကို သူတို့ရဲ့ သွေးထဲမှာ ပိုမို ခံစားရ တယ်လို့ဆိုပါတယ်... အိပ်ရာကနိုးပြီး တဲ့နောက် ရီဝက်လောက် စောင့် ပြီးမှ ဆေးလိပ်သောက်တဲ့သူတွေကတော့ နိုးနိုးချင်းသောက်တဲ့သူတွေလောက် အကျိုးသက်ရောက်မှု သိပ်မခံစားရဘူးလို့သိရပါတယ်...
ဒီသုတေသနပြုချက်ကတော့အဲ့ဒီအချိန်နောက်ပိုင်းမှာ ဆေးလိပ်ဘယ်လောက်ထပ်သောက်လဲဆိုတဲ့

အချက်ကို ထည့်မတွက်ဘဲ နှိုင်းယှဉ်ထားတာဖြစ်ပါတယ်...
များများသောက်တဲ့သူကတော့ ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရမှာသေချာပါတယ်...
From..နှိုင်းရင့်နွေ

No comments:
Post a Comment