Friday, April 26, 2013

ဆေးမတိုးတဲ့ ဌက်ဖျားပိုးအပေါ် စိုးရိမ်မကင်းဖြစ်



Photo: ဆေးမတိုးတဲ့ ဌက်ဖျားပိုးအပေါ် စိုးရိမ်မကင်းဖြစ်
FRIDAY, APRIL 26, 2013 

တော့တဲ့ ငှက်ဖျား ရောဂါပိုးတွေသာ တခြားနေရာတွေကို ပျံ့နှံ့သွားရင် ကမ္ဘာ့ကျန်းမာရေး ပြဿနာ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဆေး
တစ်မျိုးဖြစ်တဲ့ Artemisinin ဆေးဝါးသုံးစွဲပြီး အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ငှက်ဖျားရောဂါကြောင့် အသက်ဆုံး
ရှုံးရမှုကို ၇၅ ရာခိုင်နှုံးအထိ လျော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဒေသ
တချို့မှာ ပျံ့ပွားတဲ့ ငှက်ဖျားရောဂါပိုးတွေဟာArtemisinin ဆေးရဲ့တိုက်
ဖျက်မှုဒဏ်ကိုခံနိုင်ရည်ရှိလာတဲ့အတွက် ဆေးမတိုးတော့သလိုဖြစ်နေတယ်
လို့လည်း သိရပါတယ်။

အခုလို ငှက်ဖျားပိုးတွေ ဆေးပြီးနေတဲ့ပြဿနာကိုသာ မဖြေရှင်းနိုင်ရင် ငှက်ဖျားရောဂါတိုက်ဖျက်ဖို့ နည်းလမ်းလုံးဝမရှိတော့တဲ့ အခြေအနေရောက်
သွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် Artemisinin ဆေးမတိုးခြင်းကို အရေးပေါ်တုံ့ပြန်မှုအစီအစဉ် (ERAR) ကို စတင်လိုက်ပြီလို့လည်း WHO က ကြေငြာထားပြီး ငှက်ဖျားတိုက်ဖျက်ရေးအစီအစဉ်ရဲ့ ဗဟိုဌာနကို ဖနွမ်းပင်မြို့မှာ ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသက ဆေးမတိုးတဲ့ ငှက်ဖျားပိုးပျံ့နှံ့နေတဲ့ နိုင်ငံ ၄ နိုင်ငံသာမက လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံက ဒေသတချို့မှာ ငှက်ဖျားရောဂါပပျောက်ရေး အထောက်အပံ့တွေကို မဟာဗျူဟာချပြီး အရှိန်တိုးမြှင့်ကြိုးပမ်းသွားမယ်လို့လည်း WHO က ကြေငြာထားပါတယ်။

မနေ့ကပဲ WHO အဖွဲ့က အရာရှိတွေနဲ့ ဘယ်လဂျီယံနိုင်ငံက မင်းသမီး Astrid တို့ ကမ္ဘောဒီးယားနိုင်ငံက ရွာတစ်ရွာကို ကွင်းဆင်းသွားရောက်ပြီး ငှက်ဖျားရောဂါကာကွယ်ရေးပစ္စည်းတွေ ဝေပေးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာတဝှမ်းမှာ ငှက်ဖျားရောဂါကူးစက်ခံရသူ နှစ်စဉ် ၂၁၉ သန်းလောက်ရှိပြီး နှစ်စဉ် လူပေါင်း ၆ သိန်းလောက် ဌက်ဖျားရောဂါကြောင့် သေဆုံးရတယ်လို့ WHO က ခန့်မှန်းထားပါတယ်။

ဌက်ဖျားရောဂါ တိုက်ဖျက်ရေးတွေ ကြိုးစားလုပ်ကိုင်နေကြတဲ့အတွက် ဌက်ဖျားရောဂါကူးစက်မှုနှုန်း ၂၀% ရော့ကျလာပြီဖြစ်ပေမယ့် ခုအခါမှာ ဆေးမတိုးတဲ့ ဌက်ဖျားရောဂါပိုးအတွက် စိုးရိမ်မကင်း ဖြစ်နေကြ
တာ ဖြစ်ပါတယ်။

ABC Radio Australia
တော့တဲ့ ငှက်ဖျား ရောဂါပိုးတွေသာ တခြားနေရာတွေကို ပျံ့နှံ့သွားရင် ကမ္ဘာ့ ကျန်းမာရေး ပြဿနာ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပညာရှင်တွေက သတိပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဆေးတစ်မျိုးဖြစ်တဲ့ Artemisinin ဆေးဝါးသုံးစွဲပြီး အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ငှက် ဖျားရောဂါကြောင့် အသက်ဆုံးရှုံးရမှုကို ၇၅ ရာခိုင်နှုံးအထိ လျော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဒေသတချို့မှာ ပျံ့ပွားတဲ့ ငှက် ဖျားရော ဂါပိုးတွေဟာArtemisinin ဆေးရဲ့ တိုက်ဖျက်မှုဒဏ်ကို ခံနိုင်ရည်ရှိလာတဲ့ အတွက် ဆေး မတိုးတော့သလိုဖြစ်နေတယလို့လည်း သိရပါတယ်။

အခုလို ငှက်ဖျားပိုးတွေ ဆေးပြီးနေတဲ့ပြဿနာကိုသာ မဖြေရှင်းနိုင်ရင် ငှက်ဖျားရောဂါတိုက်ဖျက်ဖို့ နည်းလမ်းလုံးဝမရှိတော့တဲ့ အခြေအနေရောက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် Artemisinin ဆေးမတိုးခြင်းကို အရေးပေါ်တုံ့ပြန်မှုအစီအစဉ် (ERAR) ကို စတင်လိုက်ပြီလို့လည်း WHO က ကြေငြာထားပြီး ငှက်ဖျားတိုက်ဖျက်ရေးအစီအစဉ်ရဲ့ ဗဟိုဌာနကို ဖနွမ်းပင်မြို့မှာ ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသက ဆေးမတိုးတဲ့ ငှက်ဖျားပိုးပျံ့နှံ့နေတဲ့ နိုင်ငံ ၄ နိုင်ငံသာမက လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံက ဒေသတချို့မှာ ငှက်ဖျားရောဂါပပျောက်ရေး အထောက်အပံ့တွေကို မဟာဗျူဟာချပြီး အရှိန်တိုးမြှင့်ကြိုးပမ်းသွားမယ်လို့လည်း WHO က ကြေငြာထားပါတယ်။

မနေ့ကပဲ WHO အဖွဲ့က အရာရှိတွေနဲ့ ဘယ်လဂျီယံနိုင်ငံက မင်းသမီး Astrid တို့ ကမ္ဘောဒီးယားနိုင်ငံက ရွာတစ်ရွာကို ကွင်းဆင်းသွားရောက်ပြီး ငှက်ဖျားရောဂါကာကွယ်ရေးပစ္စည်းတွေ ဝေပေးခဲ့တယ်လို့ သိရ ပါတယ်။

ကမ္ဘာတဝှမ်းမှာ ငှက်ဖျားရောဂါကူးစက်ခံရသူ နှစ်စဉ် ၂၁၉ သန်းလောက်ရှိပြီး နှစ်စဉ် လူပေါင်း ၆ သိန်းလောက် ဌက်ဖျားရောဂါကြောင့် သေဆုံးရတယ်လို့ WHO က ခန့်မှန်းထားပါတယ်။

ဌက်ဖျားရောဂါ တိုက်ဖျက်ရေးတွေ ကြိုးစားလုပ်ကိုင်နေကြတဲ့အတွက် ဌက်ဖျားရောဂါကူးစက်မှုနှုန်း ၂၀% ရော့ကျလာပြီဖြစ်ပေမယ့် ခုအခါမှာ ဆေးမတိုးတဲ့ ဌက်ဖျားရောဂါပိုးအတွက် စိုးရိမ်မကင်း ဖြစ်နေကြ
တာ ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment