Tuesday, April 2, 2013

လူအများကြီးဖြင့်လုပ်တိုင်း၊ ပြောဆိုတိုင်း ဒီမိုကရေစီဟုပြော၍မရကြောင်း ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌပြော

 
p-28မကြာသေးမီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော မိတီ်္ထလာမြို့မှ စတင်ခဲ့သည့် ပဋိပက္ခ ဆူပူမှုများ နှင့်ပတ်သက်၍ ယင်းမှာ လုံးဝ မဖြစ်သင့်သော အရာတစ်ခုဖြစ် ပြီး ပြည်သူအများမှာလည်း စိုးရိမ် ကြောင့်ကြစွာဖြင့် နေရလျက်ရှိ သောကြောင့် မဖြစ်သင့်သော ကိစ္စရပ်များ၌ လူအများကြီးပါဝင် ပြီး ဒီမိုကရေစီဟု ပြောမည်ဆိုပါ က ဒီမိုကရေစီအား အလွဲသုံးစား လုပ်သလိုဖြစ်နေမည်ဖြစ်ကြောင်း
လူအများကြီးနှင့်လုပ်တိုင်း ဒီမိုက ရေစီဟုခေါ်ဆို၍မရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ သီရိ ပျံချီဦးဌေးဦးက Hot News သို့ မတ်လ(၃)ရက်က ပြောကြား သွားခဲ့သည်။
““ကျွန်တော့်အမြင်ပြောရရင် လူအများကြီးနဲ့လုပ်တိုင်း ပြော ဆိုတိုင်း ဒီမိုကရေစီလို့ ပြောလို့ မရပါဘူး။ ဒီမိုကရေစီဆိုတာ မှန် ကန်တဲ့လမ်းကြောင်းတစ်ခုအပေါ် ဦးတည်ချက်ကောင်းကောင်းနဲ့ အားလုံးက သွေးစည်းညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်မှရမှာပါ။ ဒါမှပဲ ဒီမိုကရေစီဆိုတာရှင်သန် မှာ။ မဖြစ်သင့်တဲ့ကိစ္စတွေ၊ ပြဿနာတွေကို လူတွေအများကြီးနဲ့ လုပ်ပြီး ဒီမိုကရေစီပါဆိုပြီး ပြော မယ်ဆိုရင်တော့ ဒါဟာ ဒီမိုက ရေစီကို အလွဲသုံးစာလုပ်သလို ဖြစ်နေမလားလို့ထင်တယ်။ ခု မိတီ်္ထလာကိစ္စဆိုလည်း ဒါလုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ လုံးဝကြည့် မကောင်းစရာဘဲ ပြောရရင် တစ်နိုင်ငံထဲသားတွေပဲ အားလုံး ကလည်း နှစ်ပေါင်းများစွာ အတူ ယှဉ်တွဲပြီး နေလာခဲ့တဲ့သူတွေကြီး ပဲ။ ခုကြတော့ အနိဌာရုံတွေ လွှမ်းမိုးသွားတယ်။ အဲဒီမှာဖြစ် တဲ့ ဖြစ်စဉ်တွေရဲ့ မြစ်ဖြားခံရာက စပြီး ပတ်သက်သူတွေတင်မက ဘဲ တစ်မြို့လုံးအတွက်လည်း နစ် နာစေတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း လူမျိုးဘာသာ မခွဲခြားဘဲ ဒုက္ခရောက်နေသူတွေ ရဲ့ စားဝတ်နေရေးကိစ္စတွေကို အကူအညီပေးသွားမှာပါ””ဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌနှင့် ပြည် သူ့လွှတ်တော် လူ့အခွင့်အရေး ကော်မတီဥက္ကဋ္ဌဦးဌေးဦးမှ Hot News သတင်းထောက်၏ ဆက် သွယ်မေးမြန်းချက်အားပြန်လည် ပြောကြားသွားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦးမှလည်း အခင်း ဖြစ်ပွားပြီးနောက် မိတီ်္ထလာမြို့သို့ ကိုယ်တိုင်သွားရောက်ကာ ပဋိပက္ခကြောင့် နေရပ်စွန့်လာသော ဒုက္ခသည်ပြည်သူများအား ပြည် ခိုင်ဖြိုးပါတီ၊ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စေတနာရှင်မိဘပြည်သူများ စုပေါင်းလှူဒါန်းကူညီသော ထောက်ပံ့ပစ္စည်း ကျပ်သိန်း ၄၅၀ ကျော်အား မန္တလေးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်မှတဆင့် လှူဒါန်း ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌမှ လုံခြုံရေးတာဝန်ယူထားသော တပ်မတော်သားများအတွက် ငွေ ကျပ် သိန်း ၃၀ လှူဒါန်းခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိ ယဗိုလ်ချုပ်ကြီးမြင့်စိုးက အလှူ ငွေများအား လက်ခံခဲ့သည်။


ခန့်ခန့်(ဒဿနိက)
HotNewsWeekly

No comments:

Post a Comment