မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသ အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အတူ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် လေထုမငြိမ်သက်မှုများကြောင့် ဧပြီလ ၁၆ ရက်နေ့ မွန်းတည့်မှ နောက်သုံးရက် (ဧပြီလ ၁၉ ရက်)နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်သည် ဟု ထုတ်ပြန်ထားသည်။
လက်ရှိကာလသည် မြန်မာနိုင်ငံ၏ မိုးကြိုကာလဖြစ်သော ဧပြီလလယ်ပိုင်းသို့ ရောက်ရှိ လာပြီဖြစ်ပြီး ယင်းကာလသည် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ၏ သက်ရောက်နိုင်ခြေကို ရခိုင်၊ ဧရာဝတီ စသည့် ကမ်းရိုးတန်းဒေသများတွင် သတိပြုရသည့် ကာလလည်းဖြစ်သည်။
From...Eleven
No comments:
Post a Comment