Monday, April 29, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ကုလ သမဂ္ဂက ကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ကုလ သမဂ္ဂက ကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးရိုက်ခတ်မှုများနှင့်သဘာဝဘေးအန္တရာယ်များ၏ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်နိုင်မည့်နည်းလမ်းများ ရှာဖွေရန်နှင့် အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးမှုကို အရှိန်မြှင့်လုပ်ဆောင်နိုင် ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂအာရှ-ပစိဖိတ်ဒေသဆိုင်ရာစီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP) ၏ (၆၉) ကြိမ်မြောက်ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ အစိုးရထိပ်တန်းအရာရှိကြီးများတက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၃၀ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပမည်ဖြစ် ရာ မြန်မာ့ရုပ်မြင်သံကြားမှ အဆိုပါ အခမ်းအနားကျင်းပပုံများကို တိုက်ရိုက် ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။


From...Eleven

No comments:

Post a Comment