Friday, April 5, 2013

ဆိုင်ကယ်စီးနေစဉ် ဖုန်းပြောသောဓလေ့သည်စတိုင်မဟုတ်အသက်အန္တရာယ်ကိုဖိတ်ခေါ်နေခြင်းသာဖြစ်သည်


လူမှုရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်တွင် ယာဉ်သွားယာဉ်လာ ပိုမိုရှုပ်ထွေးလာသည်။ အချိန်နှင့် တပြေးညီ ပြေးလွှားလှုပ်ရှား နေစဉ်ကျယ်ပြန့်သောနယ်ပယ် တွင် လူများစုသည် မော်တော် ကား၊မော်တော် ဆိုင်ကယ်များကို အသုံးပြုမှုများလာကြသည်။ ထို့ကြောင့်လည်း ယာဉ်ကြောတွင် ယာဉ်မတော်တဆဖြစ်ပွားမှု၊ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းမလိုက် နာမှုကြောင့် ယာဉ်အန္ထရာယ် ၏ ဘေးထွက်ဆိုးကျိုးများ ယာဉ်တိုက် မှုများမကြာခဏဖြစ်ပွားနေသည်။
ယာဉ်စီးနင်းသူ၏ ယာဉ် စည်းကမ်းကို ဂရုမပြုမှု၊လမ်းသွား လမ်းလာခရီးသည်များက လမ်းစည်းကမ်းမ လိုက်နာမှုများကို မထီ မဲ့မြင်ပြုရာမှာယာဉ်အန္ထရာယ်က ပေါ်ပေါက်ဖြစ်ပွားရပြန်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ယာဉ်တိုက်မှုများက နာရီတိုင်း၊ မိနစ်တိုင်း ဖြစ်ပွားနေကြသည်။
ယာဉ်မောင်းသူများပြားသော ခေတ်ကာလတွင် ယာဉ်ကြောကျပ် တည်းမှု၊ယာဉ်တစ်စီးက တစ်စီး ကိုကျော်တက်မောင်းနှင်မှု ယာဉ်လမ်းကြောင်းကရှင်းလျှင် သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ပိုမို မောင်းနှင်မှုများကို ယာဉ်စီးသူများ က ဖန်တီးရယူတတ်ကြသည်။ အကျိုးဆက်အနေဖြင့် ရတောင့် ရခဲလှသော လူ့အသက်များ ဆုံး ရှုံးမှုကို ဘေးထွက်ဆိုးကျိုးအနေဖြင့် တွေ့ကြုံနေရသည်။
ယနေ့ဆက်သွယ်ရေးမျက်နှာ စာတွင် တန်ဖိုးနည်းလက်ကိုင်ဖုန်း များ များစွာထုတ်လုပ်နေစဉ် အခြေ ခံလူတန်းစားများနယ်ပယ်တွင်ပင် တန်ဖိုးနည်းလက်ကိုင်ဖုန်းများကို နေရာတိုင်းတွင် အသုံးပြုလာကြ သည်။ မော်တော်ဆိုင်ကယ်မောင်း ရင်း။မော်တော်ကားမောင်းနှင်ရင်း က ဖုန်းဝင်လာလျှင် အလွယ်တကူ လက်ခံပြောဆိုနေကြသည်။
ယာဉ်ကြောရှုပ်ထွေးနေစဉ် လက်ကိုင်ဖုန်းဖြင့် ဖုန်းလက်ခံ ပြောဆိုလိုက်ခြင်းက မိမိ၏အသက် အန္ထရာယ် တွင်သာမက မိမိပတ် ၀န်းကျင်မှယာဉ်မောင်းသူ၊ခရီး သွားများကိုပါ အသက် အန်္တရာယ် ပြုနိုင်ကြောင်း သိထားသင့်သည်။ ယာဉ်မောင်းနှင်စဉ် တစ်ဖက်မှ ၀င်လာသောဖုန်းကို အရေး မကြီးပါဘဲ လက်ခံပြော ဆိုခြင်း၊ယာဉ် သွားစဉ် လက်ကိုင် ဖုန်းပြောဆို ခြင်းဖြင့် ခေတ် စတိုင် ထုတ်နေခြင်း ၊ ဂုဏ် လုပ်နေခြင်း တို့ကမလိုလား အပ်သော ဘေးထွက်ဆိုးကျိုးများ ကိုရယူနိုင်ပါသည်။
မူးယစ်ဆေးဝါးနှင့်အရက် သေစာသောက်စားမှီဝဲထားသူများက အရေးမကြီးလျှင်ယာဉ်ကို လုံးဝ မမောင်းသင့်ပါ။ မသွားမဖြစ်ပါက မိမိအသက်ကိုအပ်နှင်းပြီး တစ်ပါး သူကိုသာ ယာဉ်မောင်းနှင်စေသင့် ပါ သည်။
““မူးလျှင်မမောင်းနှင့်မောင်း လျှင်မမူးနှင့်””ဟူသော မူဝါဒကို လက်ကိုင်ပြုသင့်ပါ သည်။ယာဉ် မောင်းနေ စဉ် လက်ကိုင်ဖုန်းကို ပိတ်ထားသင့်ပါသည်။ လက်ကိုင် ဖုန်းမပိတ်မိ၍ ဖုန်းဝင်ရောက်လာ ပါက ဆက်သွယ်ရေးဆောင်ရွက် လိုလျှင် ယာဉ်ကိုလမ်းကြောရှင်း ရာ၌ရပ်ပြီးမှသာ ဖုန်းဆက်သွယ်မှု ပြုလုပ် သင့်ပါသည်။
ယခုအခါ ယာဉ်မောင်းရင်း က ဖုန်းလိုင်းဆက်သွယ်ပြောဆိုမှုကို နေရာတိုင်းယာဉ်ကြောကျပ် တည်းနေသောနေရာများမှာပင် တွေ့မြင်နေရသည်မှာ များစွာ စိတ်မကောင်းဖြစ်နေပါသည်။
မြို့နယ်ဆေးရုံများသို့ ဆိုင် ကယ်တိုက်မှုများဖြင့်ရောက်ရှိလာ သောလူနာများသည်နိစ်္စဓူဝမြင်တွေ့ နေရ သည်။ လူနာတစ်ဦးချင်းစီ၏ ၀န်ဆောင်မှုကုန်ကျစရိတ်ကို နိုင်ငံတော်က မျှဝေကုန်ကျခံနေ ၍ နိုင်ငံတော် ၏ ကျန်းမာရေးအသုံးစရိတ်ကို ဆုံးရှုံးနစ်နာစေသည် ထို့အတူ မိမိတို့မိသားစုတစ်ဦးချင်းစီ၏ ပတ်သက် ရာအစုအဖွဲ့၊အသိုင်း အ၀ိုင်းများတွင်လည်း ငွေကုန်လူ ပန်းဖြစ်ကြရသည်။ စိတ်မချမ်းသာမှုကို မျှဝေ ခံစားနေကြရသည်။ အားလုံးအရှုံးချည်းသာဖြစ်သည်
ထို့ကြောင့် ယာဉ်ကြောလမ်းခရီးတွင် ယာဉ်မောင်းရင်းက ဖုန်းပြောဆိုခြင်းကို လုံးဝရှောင်သင့် ပါ ကြောင်း အကြံပြုလိုက်ရပါသည်။



ရွှေလင်းပြည့်စုံ
HotNewsWeekly

No comments:

Post a Comment