Monday, April 29, 2013

တိုးမြှင့်ပင်စင်လစာအား ကိုယ်တိုင်ဆောင်ရွက်ရန် မလိုအပ်ဘဲ ပင်စင်ဦးစီးဌာနမှသာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်

ပင်စင်စားများ တိုးမြှင့်ပင်စင်လစာကို လွယ်ကူမြန်ဆန်စွာ ခံစားခွင့်ရရှိရေးအတွက် ပင်စင်စားများမှ ကိုယ်တိုင်ဆောင်ရွက်ရန်မလိုအပ်ဘဲ ပင်စင်ဦးစီးဌာနမှ တိုးမြှင့်ပင်စင်လစာသစ်ကို တာဝန်ယူ တွက်ချက် ၍ လက်ရှိပင်စင်လစာ ထုတ်ယူလျှက်ရှိသော မြန်မာ့စီးပွားရေးဘဏ်၊ လုပ်ငန်းအဖွဲ့အစည်းများသို့
အကြောင်းကြား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပင်စင်ဦးစီးဌာနကအသိပေး ကြေငြာထားသည်။
ပင်စင်စားများသည် လက်ရှိပင်စင်ခံစားနေသော အငြိမ်းစားများအား လက်ရှိပင်စင်လစာအပြင် ၀န်ထမ်း များအား လစာ တိုးမြှင့်ခွင့်ပြုသည့် ကျပ် ၂၀၀၀၀ိ/- အပေါ် ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်၍ ၂၀၁၃ ခုနှစ်၊ ဧပြီလ လစာမှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့သည်။

From... Popular Myanmar News Journal

No comments:

Post a Comment