Sunday, April 28, 2013

သောက်သုံးရေ ရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့်ေ ကျးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိ

Photo: သောက်သုံးရေ ရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့်ေ ကျးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိ
Sunday, April 28, 2013

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ သောက်သုံးရေ ရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ကျေးရွာ ဒေသများသို့ နယ်မြေခံ တပ်မတော် သားများက တပ်ပိုင်ရေ သယ်ယာဉ်များဖြင့် သောက်သုံးရေများ ဆက်လက် ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ ဧပြီ ၂၇ ရက်တွင် ရမည်းသင်း မြို့နယ်ရှိ ရွှေမြင်တင်တောင် ဘုရားတွင် ရေကန် ဆယ်တင်ခြင်းအား ဆောင်ရွက် ခဲ့သည့် အပြင် ညောင်ပင်အိုင် ကျေးရွာရှိ အိမ်ထောင်စု ၅၂ဝ စုအတွက် သောက်သုံး ရေဂါလန် ၄၈ဝဝ အား လည်းကောင်း၊ မန္တလေး တပ်နယ်ရှိ ပုသိမ်ကြီး မြို့နယ် အတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ရေသန့်ဘူးကြီး ၁ဝဝ ဘူးနှင့် သောက်သုံးရေ ဂါလန် ၉၂ဝဝ အား လည်းကောင်း၊ ကျောက်ပန်းတောင်း မြို့နယ် ပေါက်သစ် ကျေးရွာရှိ အိမ်ထောင်စု ၂၅ဝ စု အတွက် သောက်သုံးရေ ဂါလန် ၃၂ဝဝ နှင့် ချောင်းဖျား ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၉ဝ စု အတွက် သောက်သုံးရေ ဂါလန် ၁၆ဝဝ အား လည်းကောင်း၊ ညောင်ဦးမြို့နယ် မင်းနန်သူ ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၁၁၈ စုအတွက် သောက်သုံး ရေဂါလန် ၃ဝဝဝ အား လည်းကောင်း အသီးသီး ဖြန့်ဝေ လှူဒါန်းသည်..

အလားတူ မကွေးတိုင်း ဒေသကြီး မလွန်မြို့နယ် ဥယျာဉ်ကျေးရွာရှိ အိမ်ထောင်စု ၄၂၁ စုအတွက် သောက်သုံး ရေဂါလန် ၃၂ဝဝ အား လည်းကောင်း၊ ကုန်းကြီး ကျေးရွာရှိ အိမ်ထောင်စု ၈၆၈ စုအတွက် သောက်သုံးရေ ဂါလန် ၁ဝဝဝဝ အားလည်းကောင်း၊ ပဒါန်း တပ်နယ်ရှိ ငဖဲမြို့နယ် မရိုးကန်ကျေးရွာ၊ မာန်အောင်ကျေးရွာ၊ စည်သာ ကျေးရွာနှင့် ဆူးပဒေါင်း ကျေးရွာများမှ အိမ်ထောင်စု ၂၄ဝ စုစီအတွက် သောက်သုံးရေ ဂါလန် ၁၂ဝဝ စီအား လည်းကောင်း၊ ချောက်မြို့နယ် ရေလယ် (မြောက်) ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၆ဝ စု အတွက် သောက်သုံး ရေဂါလန် ၁၆ဝဝ အား လည်းကောင်း နယ်မြေခံ တပ်မတော်သား များက တပ်ပိုင် ရေသယ်ယာဉ် များဖြင့် အသီးသီး ဖြန့်ဝေ လှူဒါန်း ပေးသည့် အပြင် တိုင်းဒေသကြီး အတွင်းရှိ သောက်သုံးရေ ရှားပါးသည့် ဒေသများသို့ ရေများ ပေးပို့ လှူဒါန်းခြင်း၊ ရေတွင်း၊ ရေကန်များ တူးဖော် ဆယ်ယူခြင်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေရှားပါးသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ကျေးရွာ ဒေသများသို့ နယ်မြေခံ တပ်မတော် သားများက တပ်ပိုင်ရေ သယ်ယာဉ်များဖြင့် သောက်သုံးရေများ ဆက်လက် ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ ဧပြီ ၂၇ ရက်တွင် ရမည်းသင်း မြို့နယ်ရှိ ရွှေမြင်တင်တောင် ဘုရားတွင် ရေကန် ဆယ်တင်ခြင်းအား ဆောင်ရွက် ခဲ့သည့် အပြင် ညောင်ပင်အိုင် ကျေးရွာရှိ အိမ်ထောင်စု ၅၂ဝ စုအတွက် သောက်သုံး ရေဂါလန် ၄၈ဝဝ အား လည်းကောင်း၊ မန္တလေး တပ်နယ်ရှိ ပုသိမ်ကြီး မြို့နယ် အတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ရေသန့်ဘူးကြီး ၁ဝဝ ဘူးနှင့် သောက်သုံးရေ ဂါလန် ၉၂ဝဝ အား လည်းကောင်း၊ ကျောက်ပန်းတောင်း မြို့နယ် ပေါက်သစ် ကျေးရွာရှိ အိမ်ထောင်စု ၂၅ဝ စု အတွက် သောက်သုံးရေ ဂါလန် ၃၂ဝဝ နှင့် ချောင်းဖျား ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၉ဝ စု အတွက် သောက်သုံးရေ ဂါလန် ၁၆ဝဝ အား လည်းကောင်း၊ ညောင်ဦးမြို့နယ် မင်းနန်သူ ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၁၁၈ စုအတွက် သောက်သုံး ရေဂါလန် ၃ဝဝဝ အား လည်းကောင်း အသီးသီး ဖြန့်ဝေ လှူဒါန်းသည်..

အလားတူ မကွေးတိုင်းဒေသကြီး မလွန်မြို့နယ် ဥယျာဉ်ကျေးရွာရှိ အိမ်ထောင်စု ၄၂၁ စု အတွက် သောက် သုံး ရေဂါလန် ၃၂ဝဝ အား လည်းကောင်း၊ ကုန်းကြီး ကျေးရွာရှိ အိမ်ထောင်စု ၈၆၈ စုအတွက် သောက်သုံးရေ ဂါလန် ၁ဝဝဝဝ အားလည်းကောင်း၊ ပဒါန်း တပ်နယ်ရှိ ငဖဲမြို့နယ် မရိုးကန်ကျေးရွာ၊ မာန်အောင်ကျေးရွာ၊ စည်သာ ကျေးရွာနှင့် ဆူးပဒေါင်း ကျေးရွာများမှ အိမ်ထောင်စု ၂၄ဝ စုစီအတွက် သောက်သုံးရေ ဂါလန် ၁၂ဝဝ စီအား လည်းကောင်း၊ ချောက်မြို့နယ် ရေလယ် (မြောက်) ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၆ဝ စု အတွက် သောက်သုံး ရေဂါလန် ၁၆ဝဝ အား လည်းကောင်း နယ်မြေခံ တပ်မတော်သား များက တပ်ပိုင် ရေသယ်ယာဉ် များဖြင့် အသီးသီး ဖြန့်ဝေ လှူဒါန်း ပေးသည့် အပြင် တိုင်းဒေသကြီး အတွင်းရှိ သောက်သုံးရေ ရှားပါးသည့် ဒေသများသို့ ရေ များ ပေးပို့ လှူဒါန်းခြင်း၊ ရေတွင်း၊ ရေကန်များ တူးဖော် ဆယ်ယူခြင်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment