Sunday, April 21, 2013

ကော်ဖီသည် အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ


ကော်ဖီသည် အရက် သောက်သုံးသူ များအား အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ကြောင်း ဖင်လန်နိုင်ငံ သုတေသန ပညာရှင် များက အရက်သေစာ နှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာ မှု တစ်ရပ်တွင် ပြောကြား ထားသည်။ သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ် အကြားရှိ ဖင်လန် အမျိုးသား နှင့် အမျိုးသမီး ၁၉၀၀၀ ဦးခန့်အား ကော်ဖီ သောက်သုံးခြင်း နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး လေ့လာမှု တွင် ပါဝင် သူများ၏ သွေးအတွင်း အသည်းအင်ဇိုင်း ( GGT ) ပါဝင်မှု ပမာဏကို လည်း တိုင်းတာ ခဲ့ကြသည်။
အရက် သောက်သုံး ခြင်းသည် သွေးအတွင်း ( GGT ) ပါဝင်မှု အဆင့်ကို မြင့်မား စေကြောင်း နှင့် အသည်းရောဂါ ဖြစ်ပွားသူ များတွင် ( GGT ) ပါဝင်မှု အဆင့် မြင့်မား သည်ကို တွေ့ရှိရကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။ တစ်ပတ်လျှင် အရက် ၂၄ ကြိမ် သောက်သုံးသော ( သို့မဟုတ် ) တစ်ရက်လျှင် ၃ ဒသမ ၅ ကြိမ် သောက်သုံးသော အမျိုးသား များသည် အရက်သေစာ သောက်သုံးမှု မရှိသော အမျိုးသား များထက် အသည်း အင်ဇိုင်း ( GGT )  ပါဝင်မှု ၃ ဆကျော် မြင့်မား နေသည်ကို တွေ့ရှိခဲ့သည်။
သို့သော်လည်း တစ်နေ့လျှင် ကော်ဖီ ၅ ခွက်နှင့် မက သောက်သုံးသော အရက် အလွန်အကျွံ သောက် သည့် အမျိုးသား များသည် ကော်ဖီ မသောက်သော အရက်အလွန် သောက်သည့် အမျိုးသား များ၏ သွေးအတွင်းရှိ အသည်း အင်ဇိုင်း ( GGT ) ပါဝင်မှု အဆင့်ထက် ၅၀ ရာခိုင်နှုန်း လျော့ နည်း နေသည်ကို သုတေသီများက တွေ့ရှိခဲ့သည်။ မိမိတို့ အနေဖြင့် အသည်း အင်ဇိုင်း ပါဝင်မှု လျော့နည်း ခြင်းသည် အသည်းရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို လျော့ချ နိုင်ခြင်း ရှိ - မရှိ နှင့် စပ်လျဉ်း၍ သေချာစွာ မသိရှိ သေးကြောင်း နယးယောက်ခ် မြို့ ၊ မန်ဟတ်စ်ဆန် ဒေသရှိ North Shore တက္ကသိုလ် ဆေးရုံမှ အသည်းရောဂါ ဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဒေးဗစ် ဘာစတင် က ပြောကြား သည်။
အရက် သေစာ သောက်သုံးသူ များ အနေဖြင့် ကော်ဖီ ပိုမို သောက်သုံး ခြင်းသည် အရက် အလွန် အကျွံ သောက်သုံး ခြင်းကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ အပေါ် ကာကွယ် ပေးနိုင် လိမ့်မည်ဟု မတွေးထား သင့်ကြောင်း ဒေါက်တာ ဒေးဗစ် ဘာစတင် က သတိပေး ပြောကြား ခဲ့သည်။
 
http://myawady-myawady.blogspot.com/

No comments:

Post a Comment