Thursday, April 11, 2013

မြန်မာအကြောင်းနဲ့ စတင် တင်ဆက်မယ့် စီအင်န်အင်န် အစီအစဉ်သစ်

စီအန်အန်သတင်းဌာန၏ အစီအစဉ်အသစ်တစ်ရပ်ဖြစ်သော နာမည်ကျော်အစားအသောက်ယဉ်ကျေးမှုနှင့် ခရီးသွားအစီအစဉ် တင်ဆက်သူ အန်သိုနီဘာဒိန်း၏ Anthony Bourdain: Parts Unknow တွင် မြန်မာနိုင်ငံမှ အစားအသောက်နှင့် ယဉ်ကျေးမှုများကို ပထမဆုံးအစီအစဉ်အဖြစ် တင်ဆက်သွားမည်ဖြစ်ကြောင်း စီအင်န်အင်န်က ကြေညာထားသည်။

လာမည့် ဧပြီ ၁၄ ရက်တွင် စတင်တင်ဆက်သွားမည့် အန်သိုနီ၏ အစီအစဉ်တွင် မြန်မာနိုင်ငံမှ အစားအသောက်များနှင့် စိတ်ဝင်စားဖွယ်ရာနေရာများအကြောင်းနှင့် မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုတို့ကို အန်သိုနီ၏ စိတ်ဝင်စားဖွယ်ရာတင်ဆက်မှုများဖြင့် တင်ဆက်သွားမည်ဟု ကြေညာထားသည်။

စီအင်န်အင်န်သတင်းဌာနတွင် နမူနာပြသထားသော ဗီဒီယိုဖိုင်တစ်ခု၌ အန်သိုနီက ပုစွန်တောင်ရေကျော်၌ တန်ဆောင်တိုင်ပွဲတော်မှ ငုံးကြော်၊ မုန့်လင်မယား မုန့်များကို ရိုက်ကူးပြထားပြီး လူ့စွမ်းအားဖြင့် လှည့်ပတ်သော
ချားရဟတ်များအကြောင်းကို ရိုက်ကူးထားသည်။ ထို့အတူ မြန်မာရိုးရာအစားအစာ တစ်မျိုးဖြစ်သော လက်ဖက်အကြောင်းကိုလည်း Tea You Can Eat ဟူ၍ ရည်ညွန်းကာ မိတ်ဆက်ပေးထားသည်။ အန်သိုနီဘာဒိန်းသည် ရန်ကုန်မြို့၏ မြို့လယ်လမ်းမများမှ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း အရသာများ၊ ဆီများများ၊ အရသာစုံရောပြွမ်းကာ ပုံစံမျိုးစုံဖြင့် ချက်ပြုတ်သော မြန်မာထမင်းဟင်းများအကြောင်းကို ကိုယ်တိုင်မြည်းစမ်း တင်ဆက်သွားမည်ဟု သူကိုယ်တိုင်
ရေးသားချက်များကို အစီအစဉ်၏ တွစ်တာ၊ ဖေစ်ဘွတ်ခ်စာမျက်နှာများ၌ ဖော်ပြထားသည်။
7DaysNewsJournal

No comments:

Post a Comment