Thursday, April 11, 2013

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေ အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောကြား

w1-11-4-4
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးပြောကြားနေ သည့်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဧပြီလ ၁၀ရက်က တွေ့မြင်ရစဉ်
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ မပြဋ္ဌာန်းနိုင် ပါက နိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
အဆိုပါ ပြောကြားချက်အား ဧပြီလ ၁၀ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ် ရုံးတွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲ ညှိနှိုင်းရေးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''မြန်မာနိုင်ငံရဲ့ အခြေခံအကျဆုံး လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေ အဆင်ပြေသလား ကြည့်လိုက်ရင်  အဆင်မပြေကြပါဘူး။ သာမန်ကြည့်ရင် သူတို့ အဆင်မပြေတာ ဆိုပေမဲ့ နိုင်ငံနဲ့ဆိုင်တဲ့ ပြဿနာပါ။  သူတို့ ဆင်းရဲနေမယ်ဆို ဖွံ့ဖြိုးတိုးတက်ပြီး အေး ချမ်းတဲ့နိုင်ငံ ဖြစ် မလာနိုင်ပါဘူး''ဟု သူရဦးရွှေမန်းက သုံးသပ် ပြောကြားသည်။
ဆွေးနွေးပွဲသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ စီးပွားရေးနှင့် ကုန်သွယ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များနှင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေး ရာကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဆန်စပါးလုပ်ငန်း အသင်းချုပ်၊ မြန် မာနိုင်ငံ တောင်သူလယ်သမား အသင်းတို့မှ တက်ရောက် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတ၀န်းတွင် ဖြစ်ပွား နေသည့် လယ်ယာမြေသိမ်းဆည်း ခံရမှုများကြောင့် လယ်သမားအများ စုမှာ ဘ၀ရပ်တည်ရေး ခက်ခဲမှု ရှိ နေသည့်အပြင် ထိုက်သင့်သည့် ကာလပေါက်ဈေး လျော်ကြေးငွေ မရရှိမှု၊ စီမံကိန်းကြောင့် ဖြစ်ပေါ် လာသည့် ဆိုးကျိုးများကြောင့် ဘ၀ရပ်တည်ရန် ခက်ခဲမှုစသည့် ဖြစ်ရပ် များအပြင် စိုက်ပျိုးချေးငွေ မလုံ လောက်မှုကြောင့် ပြင်ပမှ အတိုးနှုန်း မြင့်မားစွာ ရှာဖွေစိုက်ပျိုးရ မှုများ ဖြစ် ပေါ်နေသည့် အပြင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အကြွေးပတ် လည်ဝိုင်းသည့် အနေ အထားတွင် ရှိနေကြောင်း သိရသည်။
တောင်သူလယ်သမား အကျိုး စီးပွား ကာကွယ်သည့် ဥပဒေတွင် အဓိကအချက် ၃ ချက်အား ဥပဒေ အကြမ်းတွင်ထည့်သွင်းထားပြီး အဆိုပါအချက်များမှာ လုံလောက်သည့် ချေးငွေရရှိရန်၊ လက်မှုလယ် ယာမှ စက်မှုလယ်ယာသို့ပြောင်းလဲရာတွင် စက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ထောက်ပံ့ပေး ရန်၊ ဈေး ကွက်ရရှိရေးနှင့် သင့်တော်သည့် ဈေးနှုန်း သတ်မှတ်ပေးနိုင်ရန် စသည့် အချက် များဖြင့် ရေးဆွဲ ထားကြောင်း သိရသည်။
''ချေးငွေတိုးမြှင့်ရနိုင်ဖို့အတွက် ဘဏ်တွေငွေကြေးဆိုင်ရာကော် မတီတွေ ညှိနှိုင်းဖို့လိုသလို၊ စက်မှု လယ်ယာပြောင်းဖို့ ဈေးကွက်ရရှိဖို့လည်း စီးပွားကူးသန်း၊ လယ်ဆည်တို့ပါဝင်စဉ်းစား လုပ် ဆောင်ဖို့ လိုတယ်။ မွေးမြူရေးသမား တွေအတွက် အဆင်ပြေအောင် လည်း မွေးရေ၀န်ကြီးဋ္ဌာနက ပါဝင် ကူညီဖို့ လိုတယ်။ ဒီကိစ္စသုံးခုကို ပေါင်းစဉ်းစားနေရင် လယ်သမား တွေ ဒုက္ခရောက်သွားနိုင်သလို ဥပဒေ လည်း ပေါ်လာနိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင်လယ်သမား ပြသနာကနေ၊ နိုင်ငံတော်ပြသနာအထိဖြစ် သွားနိုင်တယ်'' ဟု သူရဦးရွှေမန်းက ဆက်လက်ပြောသည်။
လယ်သမားအကျိုးစီးပွားကာ ကွယ်နိုင်ရေးဥပဒေတွင် လယ်သမားများအနေဖြင့် စိုက်ပျိုးသီးနှံ၊ စပါး များအား လွတ်လပ်စွာစိုက်ပျိုး ရောင်းချနိုင်ခွင့်ပါဝင်သင့်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆွေးနွေးခဲ့ပြီး တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ရေး ရာ ကော်မတီမှလည်း စီမံကိန်းအပါအ ၀င်ရာသီဥတုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများအား အာမခံပေးနိုင်သည့် အချက်အလက်များ ထည့်သွင်းပေးရန်တင်ပြခဲ့သည်။
အဆိုပါ တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်သည့် ဥပဒေအား လွှတ်တော်အတွင်း တင်ပြ ဆွေးနွေးနိုင်ရန် အမြန်ဆုံးရေးဆွဲရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း ကပြောသည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဦးပိုင်၊ အော့ချက်စသည့် ကုမ္ပဏီများမှလုပ်ကိုင်သည့် စီမံကိန်း များကြောင့် လယ်ယာမြေများ အသိမ်းဆည်းခံရသည့်အပြင် ထိုက် သင့်သည့်လျော်ကြေး မရရှိသဖြင့် စစ်ကိုင်းတိုင်း မုံရွာခရိုင်ရှိ လက်ပံ တောင်းတောင်စီမံကိန်းတွင် သပိတ် စခန်းများ ဖွင့်လှစ်ခဲ့မှု အပေါ် အ ကြမ်းဖက် နှိမ်နင်းမှုနှင့် မအူပင် မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု အစရှိသည့် နေရာများတွင် ဆူပူ မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် လယ်သိမ်းခံ ပြည်သူများ အကြားအဓိကရုဏ်းများ လည်း ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။
From....Eleven

No comments:

Post a Comment