ဗီယက်နမ်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် CAMA Vietnam တို့စီစဉ်တင်ဆက်သော " Artwork is Work: ASEAN Music Festival " အာဆီယံဂီတဖျော်ဖြေပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၁၁ရက်နေ့၌ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ အဆိုတော် ဟန်ထူးလွင်(ကျားပေါက်) က ၎င်း၏ ဂီတအဖွဲ့ တစ်ခုဖြစ်သော Blood Sugar Politik အဖွဲ့အနေဖြင့် ပါဝင်ဖြေဖျော်မည်ဖြစ်သည်။
ထို အာဆီယံဂီတဖျော်ဖြေပွဲတွင် တခြားအာဆီယံနိုင်ငံများမှ ဂီတအဖွဲ့များလည်း ပါဝင်ဖျော်ဖြေကြ မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ MOLAM INTERNATIONAL အဖွဲ့ ၊ ဗီယက်နန်မှ 18 + အဖွဲ့ နှင့် TBD အဖွဲ့ ၊
စင်ကာပူမှ MUON အဖွဲ့ ၊ ဖိလစ်ပိုင်မှ PULSO အဖွဲ့ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment