Thursday, April 4, 2013

အရောင်းထိုင်း CDMA 800 ဈေးကွက် ပြန်လှုပ်ခတ်ဖွယ်ရှိနေ

တန်ဖိုးနည်း CDMA 800 MHz စနစ်သုံးဖုန်းများအား ဧပြီ(၂၄)ရက် တွင် ရောင်းချပေး မည်ဖြစ်သောကြောင့် ယခင်ဟန်းဆက် အရောင်းဆိုင်များတွင် အရောင်းထိုင်းခဲ့သော CDMA 800 MHz ဟန်းဆက်များ ရောင်းအား ပြန်တက်လာနိုင်ကြောင်း ဟန်းဆက် အရောင်းဆိုင်များထံမှ စုံစမ်း သိရှိရ သည်။

“နဂိုက နောက်ထပ်ချပေးမယ့် ဖုန်းက GSM နဲ့ WCDMA ဆိုပြီး ထင်ထားတော့ ရောင်းဖို့ ၀ယ်လှောင်တဲ့ သူရော၊ ကြိုတင်ဝယ်ထားတဲ့သူပါ GSM Handset တွေပဲ အဓိကထား ရောင်း ၀ယ်နေကြ တာလေ၊ မနေ့ည တရားဝင် ကြေငြာတော့မှ ချထားပေးမယ့် ဖုန်းထဲမှာ CDMA 800 လိုင်းက ပိုများမယ် ဆိုတာကို သိရတယ်၊ ဒါကြောင့့််  CDMA 800 ဟန်းဆက်တွေ ပြန်ပြီး ရောင်းအားတက်မှာတော့ သေချာတယ် ” ဟု ဟန်းဆက်အရောင်းဆိုင်မှ မန်နေဂျာတစ်ဦးက သုံးသပ်သွားခဲ့သည်။
From...Shwe Myitmakha Media Group

No comments:

Post a Comment