
Mississippi ပြည်နယ် Republican အထက်လွှတ်တော် အမတ် ရော်ဂျာဝစ်ကာ (Roger
Wicker) ထံကို ပေးပို့တဲ့ စာအိတ်မှာ လူကိုသေစေတဲ့ ကြက်ဆူစေ့က ထွက်တဲ့
အဆိပ်ကို စစ်ဆေး တွေ့ရှိ ရတယ်လို့ လွှတ်တော်ရုံး အရာရှိတွေက ပြောပါတယ်။
စာကို အမေရိကန်လွှတ်တော်ရုံးကို လွှဲပြောင်းပေးပြီးတဲ့ စာတိုက်တခုမှာ
တွေ့ရတာပါ။ စာအိတ် ကို နှစ်နေ ရာစစ်ဆေးပြီး ricin အဆိပ် တွေ့ရတယ်လို့
လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ စစ်ဆေးမှုတွေကိုတော့ ဆက်လုပ်နေဆဲပါ။
ဒီကြက်ဆူစေ့ကထွက်တဲ့ အဆိပ်ဟာ အလွန်ပြင်းထန်တဲ့ အဆိပ်မျိုးဖြစ်ပြီး၊ သေးငယ်တဲ့ အစက် တစက် နဲ့တင် လူကြီးတဦးကို သေစေနိုင်ပါတယ်။
VOA

Mississippi ပြည်နယ် Republican အထက်လွှတ်တော် အမတ် ရော်ဂျာဝစ်ကာ (Roger Wicker) ထံကို ပေးပို့တဲ့ စာအိတ်မှာ လူကိုသေစေတဲ့ ကြက်ဆူစေ့က ထွက်တဲ့ အဆိပ်ကို စစ်ဆေး တွေ့ရှိ ရတယ်လို့ လွှတ်တော်ရုံး အရာရှိတွေက ပြောပါတယ်။
စာကို အမေရိကန်လွှတ်တော်ရုံးကို လွှဲပြောင်းပေးပြီးတဲ့ စာတိုက်တခုမှာ တွေ့ရတာပါ။ စာအိတ် ကို နှစ်နေ ရာစစ်ဆေးပြီး ricin အဆိပ် တွေ့ရတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ စစ်ဆေးမှုတွေကိုတော့ ဆက်လုပ်နေဆဲပါ။
ဒီကြက်ဆူစေ့ကထွက်တဲ့ အဆိပ်ဟာ အလွန်ပြင်းထန်တဲ့ အဆိပ်မျိုးဖြစ်ပြီး၊ သေးငယ်တဲ့ အစက် တစက် နဲ့တင် လူကြီးတဦးကို သေစေနိုင်ပါတယ်။
VOA
No comments:
Post a Comment