Wednesday, April 10, 2013

၃ နှစ်တာ ကာလ အတွင်း UNDP မှ အမေရိကန် ဒေါ်လာသန်း ၁၅၀ ကူညီပေးမည်

၃ နှစ်တာ ကာလ အတွင်း UNDP မှ အမေရိကန် ဒေါ်လာသန်း ၁၅၀ ကူညီပေးမည်

Wednesday 10th April 2013

မြန်မာနိုင်ငံ အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ကုလသမဂ္ဂက ဖွံဖြိုးမှု အစီအစဉ် UNDP မှ  အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကို ထောက်ပံ့ပေးမှာ
ဖြစ်တယ်လို့ သိရပါတယ်။  အဆိုပါ ထောက်ပံ့မှုဟာ Country Programme Action Plan အရ ထောက်ပံ့ ပေးတာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့မှုမှာ ပထမ မဏ္ဍိုင် အဖြစ် စဉ်ဆက်မပြတ် လူ့အဖွဲ့အစည်း ဆိုင်ရာ အလုံးစုံ ဖွံ့ဖြိုးမှုနဲ့ ထိရောက်တဲ့ဒေသ အတွင်း လုပ်ဆောင်မှုတို့ အတွက် အမေရိကန် ဒေါ်လာ ၅၉ သန်း ဒုတိယမဏ္ဍိုင် အဖြစ် ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင် စွမ်းအင်နဲ့ သဘာဝဘေး အန္တရာယ် စွန့်စားရမှု လျော့ကျရေးတို့ အတွက် အမေရိကန် ဒေါ်လာ ၄၆ သန်း ထောက်ပံ့မှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် တတိယမဏ္ဍိုင် ဖြစ်တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုနဲ့ ထိရောက်တဲ့ ဖွံ့ဖြိုးမှုတို့ အတွက် အမေရိကန် ဒေါ်လာ ၄၅ သန်းတို့ကို ခွဲဝေ သုံးစွဲမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၉၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၉ နှစ်ကြာ ကာလ အတွင်း လူ့စွမ်းရည် ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ် Human Development Initiative (HDI) ကိုသာ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ကုန်မှ စတင်ကာ Normal Country Status ကို ပြန်လည် ရရှိခဲ့တဲ့ အတွက် ယခုလို ပေးအပ်ခြင်း ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့ပေးမယ့် မဏ္ဍိုင် ၃ ခု ကိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနများနဲ့ UNDP တို့ ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့ပေးမယ့် အစီအစဉ် အတွက် ကိုတော့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနနဲ့ UNDP တို့အကြား ဧပြီလ ၈ ရက်နေ့ နေုပြည်တော်မှာ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

mrtv-4
မြန်မာနိုင်ငံ အတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ကုလ သမဂ္ဂက ဖွံဖြိုးမှုအစီအစဉ် UNDP မှ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကို ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ထောက်ပံ့ မှုဟာ Country Programme Action Plan အရ ထောက်ပံ့ ပေး တာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့မှုမှာ ပထမမဏ္ဍိုင် အဖြစ် စဉ်ဆက်မပြတ်လူ့အဖွဲ့အစည်းဆိုင်ရာ အလုံးစုံဖွံ့ဖြိုးမှုနဲ့ ထိရောက်တဲ့ဒေသအတွင်း လုပ်ဆောင်မှုတို့ အတွက် အမေရိကန် ဒေါ်လာ ၅၉ သန်း ဒုတိယမဏ္ဍိုင်အဖြစ် ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်စွမ်းအင်နဲ့ သဘာဝဘေးအန္တရာယ်စွန့်စားရမှု လျော့ကျရေးတို့အတွက် အမေရိကန် ဒေါ်လာ ၄၆ သန်း ထောက်ပံ့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တတိယမဏ္ဍိုင် ဖြစ်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှုနဲ့ ထိရောက်တဲ့ဖွံ့ဖြိုးမှုတို့အတွက် အမေရိကန် ဒေါ်လာ ၄၅ သန်းတို့ကို ခွဲဝေ သုံးစွဲမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၉၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၉ နှစ်ကြာ ကာလအတွင်း လူ့စွမ်းရည် ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ် Human Development Initiative (HDI) ကိုသာ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ကုန်မှ စတင်ကာ Normal Country Status ကို ပြန်လည် ရရှိခဲ့တဲ့ အတွက် ယခုလို ပေးအပ်ခြင်း ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့ပေးမယ့် မဏ္ဍိုင် ၃ ခု ကိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနများနဲ့ UNDP တို့ ပူးပေါင်းပြီး အကောင် အထည် ဖော်ဆောင် ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့ပေးမယ့် အစီအစဉ် အတွက် ကိုတော့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနဲ့ UNDP တို့အကြား ဧပြီလ ၈ ရက်နေ့ နေုပြည်တော်မှာ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

mrtv-4
 
 

No comments:

Post a Comment