Thursday, May 23, 2013

ဂျပန် ကုမ္ပဏီကြီး ၃ ခုမှ မြန်မာနိုင်ငံတွင် 30Gbps ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား ၂၀၁၃ အကုန်တွင် အပြီးတည်ဆောက်မည်

Photo: ဂျပန် ကုမ္ပဏီကြီး ၃ ခုမှ မြန်မာနိုင်ငံတွင် 30Gbps ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား ၂၀၁၃ အကုန်တွင် အပြီးတည်ဆောက်မည်
Thursday, May 23, 2013

ဂျပန်နိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်သည့် Sumitomo Corporation နှင့် ဆက်သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီကြီးများ
ဖြစ်ကြသည့် NEC နှင့် NTT Communications တို့ ပူးပေါင်းပြီး

 ရန်ကုန်-မန္တလေး-နေပြည်တော် မြို့ကြီး ၃ မြို့အား သုံးပွင့်ဆိုင် ချိတ်ဆက်ပေးမည့် ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား တည်ဆောက်သွားရန် မြန်မာ့ ဆက်သွယ်ရေးနှင့် သဘောတူညီချက်စာ ချုပ်အား လက်မှတ်ရေးထိုး ခဲ့ပြီဖြစ်သည်။

ဤစာချုပ်အရ ဂျပန်ကုမ္ပဏီကြီး ၃ ခုသည် 30 Gbps အမြန်နှုန်း ရရှိနိုင်မည့် ပင်မဆက်သွယ်ရေး ဖိုင်ဘာကွန်ယက်အား တည်ဆောက်သွားမည်ဟု Japan Times သတင်းစာ တွင် ဖော်ပြထားသည်။

မြို့ကြီး ၃ မြို့အား ချိတ်ဆက်ပေးမည့် ပင်မဆက်သွယ်ရေ ဖိုင်ဘာကွန်ယက်
အပြင် အဆိုပါ မြို့ ၃ မြို့တွင်း၌လည်း voice နှင့် data အတွက် 10Gbps အမြန်နှုန်းရှိမည့် ဖိုင်ဘာကွန်ယက်အား တည်ဆောက်သွားမည်ဟု သိရှိရသည်။ 


ဤကွန်ယက်များအား အသုံးပြုကာ တယ်လီဖုန်း ဆက်သွယ်ရေး ၊ အင်တာနက် နှင့် LTE စနစ်များအား တည်ဆောက်သွားနိုင်မည်
ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ထောက်ပံပေး
ထားသည့် ယန်း ၁.၇၁ ဘီလီယံ (ဒေါ်လာ ၁၆.၇ သန်း) အားလည်း အသုံးချသွားမည်ဟု သိရှိရသည်။

ထို့အပြင် စီမံကိန်းအား အလျှင်အမြန် အကောင်အထည် ဖော်သွားမည်
ဖြစ်ပြီး ၂၀၁၃ နိုဝင်ဘာလအကုန်တွင် ကွန်ယက်ချိတ်ဆက်မှုအတွက် လိုအပ်သည့် အဆောက်အဦးများအား အပြီးသတ် တည်ဆောက်သွားမည်
ဖြစ်ပြီး ၂၀၁၄ ဂျန်နဝါရီလအလယ်ပိုင်းတွင် ပြည်သူများအနေဖြင့် စတင်
အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

Myanmar Consumer Guide

မြ၀တီ

No comments:

Post a Comment