Wednesday, May 8, 2013

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ


လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေး မတိုးတော့သော ရောဂါ ပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြားထားသည်။
အဆိုပါ ရောဂါပိုးကိုလွန်ခဲ့သော နှစ်နှစ်ကဂျပန်နိုင်ငံရှိ ပြည့်တန်ဆာအမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင်ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က  သတိပေး ပြောကြားခဲ့သည်။
၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင်ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော် ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြားထားသည်။
အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုး ကူးစက် ပျံ့နှံ့လာပြီးနောက်ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထား သည်။
၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန်တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ ရောဂါပိုးသစ်ကူးစက်ခြင်းကြောင့် သားအိမ်မျိုးဥပြွန်နှင့် မျိုးဥအိမ်လတ်တလော နာတာ ရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သောအခြားနေရာ တစ်ခုတွင် သန္ဓေတည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။

From....မြ၀တီ

No comments:

Post a Comment