Tuesday, May 14, 2013

ဒေါ်အောင်းဆန်းစုကြည်သမ္မတလုပ်မည်ဟုဆိုသည်မှာအာဏာရလိုမှုကြောင့်အဟုတ်ဟုဆို

Photo: ဒေါ်အောင်းဆန်းစုကြည်သမ္မတလုပ်မည်ဟုဆိုသည်မှာအာဏာရလိုမှုကြောင့်အဟုတ်ဟုဆို
Tuesday, May 14, 2013

ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ၂၀၁၅ ၌ ပြည်သူလူထုမှ ရွေးချယ်တာဝန်ပေးအပ်ပါက ပြည်သူလူထုအားအလုပ်အကျွေး ပြုရန်အတွက် သမ္မတလုပ်မည်ဟု   မကြာခဏပြောဆိုပြီးယင်းသို့ပြော  ဆိုခြင်းမှာလည်း အာဏာရလိုမှု ကြောင့်မဟုတ်ဘဲ။ ပြည်သူလူထု နစ်နာနေသည်များ လူအခွင့်အရေး  ဆုံးရှုံးနေသည်များနှင့် လူထုအား  အလုပ်အကျွေးပြုရန် ရည်ရွယ် ချက်သက်သာဖြစ်ကြောင်း NLD ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နှင့် တရားဥပဒေစိုးမိုးရေးကော် မတီအတွင်းရေးမှူးဝင်းမြင့်ကပြော ကြားလိုက်သည်။

“ကျွန်တော်တို့ဥက္ကဋ္ဌသမ္မတ လုပ်မယ်ဆိုတဲ့ စကားဟာ နိုင်ငံ ရေးအာဏာရလိုမှုနဲ့ ပြောတာ  လုံးဝမဟုတ်ပါဘူး။ ဒီလိုမျိုးပြော ဆိုဝေဖန်မှုတွေရှိလာရင်လည်း သူရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်   အနေနဲ့ လုံးဝလက်မခံပါဘူး။ တကယ်တော့ ပြည်သူတွေလိုချင် တဲ့ စစ်မှန်သောဒီမိုကရေစီဆိုတာ  ပီပြင်ဖို့ ပြည်သူတွေနဲ့ အခွင့်အရေး  ရပိုင်ခွင့်တွေကို အပြည့်အ၀အကာ  အကွယ်ပေးနိုင်ဖို့ ပြည်သူကို အလုပ်အကျွေးပြုနိုင်ဖို့က အာဏာ  ရှိမှရမှာ ဒါကြောင့် သမ္မတလုပ် မယ်လို့ပြောတာ လက်ရှိမှာက ဝေဖန်ထောက်ပြတာကလွဲပြီး ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့အခါကြ တော့ မြင်တွေ့နေရတဲ့ ဥပဒေနဲ့ မညီတာလေးတွေ ပြည်သူလူထု နစ်နာတာလေးတွေကို လုပ်ပေး ချင်ပေမယ့်မရဘူးဖြစ်နေတယ်။ မသိတဲ့လူတွေကတော့ အာဏာ လိုချင်လို့ သမ္မတလုပ်ချင်တာလို့ ပြောကြမယ်။ ပြည်သူကိုအလုပ် အကျွေးပြုဖို့နဲ့ ဥပဒေနဲ့ မညီတာ တွေကို ဥပဒေနဲ့ အညီလုပ်ပေးဖို့ က အာဏာရှိမှရမှာ ပြီးတော့ ဒီမိုကရေစီရဲ့ အရသာကို ပြည်သူ တွေအပြည့်အ၀ခံစားစေချင်လို့ ဒါအရိုးရှင်းဆုံးပြောတာဘဲ”ဟုNLD ၊ CEC ဦးဝင်းမြင့်က Hot News နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့်လည်း လူထုမှရွေးချယ်တာဝန်  ပေးအပ်ပါက သမ္မတလုပ်မည်ဟု  မကြာခဏဆိုသလိုပြောကြားခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ဝေဖန်မှုအချို့ ရှိကပြီးသည့်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ  ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးကော်မတီဝင်ဦးဝင်းမြင့်က ယခုကဲ့သို့ပြန်လည်ချေပပြောဆို လိုက်ခြင်းဖြစ်သည်။

ခန့်ခန့်(ဒဿနိက)
The Hot News
ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ၂၀၁၅ ၌ ပြည်သူလူထုမှ ရွေးချယ်တာဝန်ပေးအပ်ပါက ပြည်သူလူထု အားအလုပ်အကျွေး ပြုရန်အတွက် သမ္မတလုပ်မည်ဟု မကြာခဏပြောဆိုပြီးယင်းသို့ပြောဆိုခြင်း မှာလည်း အာဏာရလိုမှု ကြောင့်မဟုတ်ဘဲ။ ပြည်သူလူထု နစ်နာနေသည်များ လူအခွင့်အရေး ဆုံးရှုံးနေသည် များနှင့် လူထုအားအလုပ်အကျွေးပြုရန် ရည်ရွယ်ချက်သက်သာဖြစ်ကြောင်း NLD ဗဟိုအလုပ် မှုဆောင်ကော်မတီဝင် နှင့် တရားဥပဒေစိုးမိုးရေးကော်မတီအတွင်းရေးမှူးဝင်းမြင့်ကပြော ကြားလိုက် သည်။

“ကျွန်တော်တို့ဥက္ကဋ္ဌသမ္မတလုပ်မယ်ဆိုတဲ့စကားဟာ နိုင်ငံ ရေးအာဏာရလိုမှုနဲ့ ပြောတာလုံးဝမဟုတ်ပါ ဘူး။ ဒီလိုမျိုးပြောဆိုဝေဖန်မှုတွေရှိလာရင်လည်း သူရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက် အနေနဲ့လုံးဝ လက် မခံပါဘူး။ တကယ်တော့ ပြည်သူတွေလိုချင်တဲ့ စစ်မှန်သောဒီမိုကရေစီဆိုတာပီပြင်ဖို့ ပြည်သူတွေနဲ့ အခွင့် အရေး ရပိုင်ခွင့်တွေကို အပြည့်အ၀အကာ အကွယ်ပေးနိုင်ဖို့ ပြည်သူကို အလုပ်အကျွေးပြုနိုင်ဖို့က အာဏာ ရှိမှရမှာ ဒါကြောင့် သမ္မတလုပ်မယ်လို့ပြောတာ လက်ရှိမှာက ဝေဖန်ထောက်ပြတာကလွဲပြီး ဘာမှ လုပ်ပိုင် ခွင့်မရှိတဲ့အခါကြ တော့ မြင်တွေ့နေရတဲ့ ဥပဒေနဲ့ မညီတာလေးတွေ ပြည်သူလူထုနစ်နာ တာလေးတွေကို လုပ်ပေးချင်ပေမယ့်မရဘူးဖြစ်နေတယ်။ မသိတဲ့လူတွေကတော့ အာဏာလိုချင်လို့ သမ္မတလုပ်ချင် တာလို့ ပြောကြမယ်။ ပြည်သူကိုအလုပ် အကျွေးပြုဖို့နဲ့ ဥပဒေနဲ့ မညီတာ တွေကို ဥပဒေနဲ့ အညီလုပ်ပေးဖို့ က အာဏာရှိမှရမှာ ပြီးတော့ ဒီမိုကရေစီရဲ့အရသာကို ပြည်သူတွေ အပြည့်အ၀ ခံစားစေချင်လို့ ဒါအရိုး ရှင်းဆုံးပြောတာဘဲ”ဟုNLD ၊ CEC ဦးဝင်းမြင့်က Hot News နှင့်တွေ့ ဆုံစဉ်ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့်လည်း လူထုမှရွေးချယ်တာဝန် ပေးအပ်ပါက သမ္မတလုပ်မည်ဟု မကြာ ခဏဆိုသလိုပြောကြားခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ဝေဖန်မှုအချို့ရှိကပြီးသည့်နောက် ပိုင်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးကော်မတီဝင်ဦးဝင်းမြင့်က ယခုကဲ့သို့ပြန်လည်ချေပပြောဆို လိုက်ခြင်းဖြစ်သည်။

ခန့်ခန့်(ဒဿနိက)
The Hot News

No comments:

Post a Comment