Thursday, May 23, 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မှုခင်းအသိပညာပေးခြင်း (၂)၊ မုဒိမ်းမှု

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေ(၂၀)ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း မုဒိမ်းမှု(၅၇)မှု ဖြစ် ပွါးခဲ့ရာ အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်များအား အဓမ္မပြုကျင့်ခံရမှု(၁၀)မှုဖြစ်ပွါးခဲ့ပြီး အသက် (၁၀)နှစ်အောက် ကျူးလွန်ခံရမှုမှာ(၇)မှုဖြစ်ပွါးခဲ့ပါသည်။
မုဒိမ်းမှုကျူးလွန်သူများသည် အရွယ်ရောက်သူအမျိုးသမီးများကို သာမက ကလေးငယ်များ ကိုပါကျူး လွန်သည်များလည်းရှိပါသည်။ ၎င်းအပြင် ဖခင်မှသမီးအရင်းအားလည်းကောင်း၊ ပထွေးမှ မယားပါ သမီး အားလည်းကောင်း ကျူးလွန်သည်များရှိသဖြင့် မည့်သည့်အရွယ်မဆို ဆွေမျိုး ရင်းချာဖြစ်စေကာမူ မုဒိမ်း မှူကျူးလွန်ခြင်းခံရနိုင်ပါသည်။

မုဒိမ်းမှုဖြစ်ပွါးရသည့်အကြောင်းအရင်းများမှာ အရက်သေစာနှင့် မူးယစ်ဆေးများသုံးစွဲပြီး အသိစိတ်မှား ယွင်းကာကျူးလွန်ခြင်း၊ ကာမရာဂစိတ်ထိန်းသိမ်းနိုင်မှုနည်း၍ ကျူးလွန်ခြင်း၊ ကာမစိတ် ကိုနိုးကြွစေသည့် ညစ်ညမ်းဗွီဒီယိုခွေများကြည့်ရှု၍ အားကျစိတ်ဖြင့် ကျူးလွန်ခြင်း၊ ဆိတ်ကွယ်ရာတွင် အမျိုးသားနှင့် အမျိုး သမီး နှစ်ဦးတည်းရှိစဉ် ကာမရာဂစိတ်ဖေါက်ပြန်ကျူးလွန်ခြင်း စသည့်အကြောင်းရင်း တို့ကြောင့်ဖြစ် ပွါးလေ့ရှိပါသည်

မုဒိမ်းမှုကျူးလွန်ခြင်းမခံရစေရေးအတွက် အမျိုးသမီးများ အနေဖြင့် နေအိမ်တွင်တစ်ဦး တည်းရှိနေစဉ် တံခါးများအားလုံခြုံစွာ ပိတ်ထားသင့်ပြီးမည်သူ့ကိုမဆို အလွယ်တကူဝင်ခွင့် မပြုခြင်း၊ နေ့/ည အုပ်ထိန်း သူမရှိချိန်တွင်ကာကွယ်မှုအကူအညီရနိုင်သည့်မိန်းမဖော်နှင့်
နေထိုင်ခြင်း၊ သူစိမ်းအမျိုးသားနှင့် ဆိတ်ကွယ်ရာတွင် နီးကပ်စွာ ရှိနေခြင်းမျိုးအားရှောင်ကျဉ်ခြင်း၊ ခရီး/အလုပ်သို့သွားခြင်းများတွင် အချိန်နှောင်းပါက အဖော်ဖြင့်ကြို/ပို့ပြုလုပ်ပေးခြင်း၊ မိန်းကလေးငယ် များ မည်သည့်အရွယ်ပင်ဖြစ်စေ အုပ်ထိန်းသူတို့မှ နေအိမ်တွင် တစ်ဦးတည်း ထားခြင်း၊ သူစိမ်းများ ထံယုံကြည်စွာ အပ်နှံထားခဲ့မှုများအား သတိပြုဆင်ခြင်ခြင်းတို့ဖြင့်ပြုမူ နေထိုင်သွားသင့်ပါသည်။

မုဒိမ်းမှုမဖြစ်ပွါးစေရေးအတွက် ဘာသာတရားရိုသေကိုင်းရှိုင်းပြီး မိမိစိတ်အားမကောင်းမှုတွင် မမွေ့လျော်စေရေးသတိပြုဆင်ခြင်ခြင်း၊ အရက်သေစာအားအလွန်အကျူးသောက်သုံးခြင်း ဖြင့် အသိ တရား ကင်းမဲ့ချိန် ပြစ်မှုကျူးလွန်နိုင်သည်ကို သတိပြုဆင်ခြင်ခြင်း၊ ညစ်ညမ်းဗွီဒီယိုကား များကို မိမိ ကိုယ်တိုင်ကြည့်ရှုခြင်းမပြုဘဲ ငှားရမ်း၊ရောင်းချ၊ပြသခြင်းများတွေ့ရှိပါက တာဝန်ရှိသူများ ထံ အကြောင်း ကြားပေးခြင်း၊ မိမိလူမျိုး၏ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရား တို့ကို စောင့်ထိန်းပြီး အမျိုး သမီး ငယ်များ အား နှမသားချင်း ကဲ့သို့သဘောထား၍ စောင့်ရှောက်ကူညီလိုစိတ်ထားရှိခြင်း တို့ဖြင့် ပြုမူနေ ထိုင်သွား ကြပါရန်အသိပညာပေးအပ်ပါသည်။

from....ရဲဇာနည်

No comments:

Post a Comment