Tuesday, May 28, 2013

နှာစေး ချောင်းဆိုး ဖြစ်ပွားရသည့် အကြောင်း အရင်းနှင့် ကာကွယ်နည်း၊ ကုသနည်းများ

Photo: နှာစေး ချောင်းဆိုး ဖြစ်ပွားရသည့် အကြောင်း အရင်းနှင့် ကာကွယ်နည်း၊ ကုသနည်းများ
=======================================
နှာစေးခြင်းနှင့် ချောင်းဆိုးခြင်း ဒွန်တွဲခံစား ရခြင်းကို နှာစေး၊ ချောင်းဆိုးဟု ခေါ်ကြပါသည်။ နှာစေး၊ ချောင်းဆိုးခြင်းသည် ရုတ်တရက် ဖြစ်ပေါ်တတ်ပြီး ညီညွတ် မျှတအောင် မနေတတ် လျှင် ရက်တာရှည် ဖြစ်နေတတ် ပါသည်။
နှာစေး၊ ချောင်းဆိုးမှ တစ်ဆင့် အဖျားရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများ ဆီသို့ ဦးတည် သွားတတ်သဖြင့် ''အပျက် အပျက် နှင့် နှာခေါင်းသွေးထွက်'' ဆိုသကဲ့သို့ သာမန် အခြေ အနေမှ ရောဂါကြီး အဆင့် ဖြစ်တတ် ပါသေးသည်။

နှာစေး၊ ချောင်းဆိုး ဖြစ်ခြင်းသည် နွေ၊ မိုး၊ ဆောင်း ရာသီဥတု အလိုက် ဖြစ်တတ်သော ရောဂါဟု ဆိုနိုင်ပါသည်။ နွေဦး၊ မိုးဦး၊ ဆောင်းဦး စသည့် ဥတုပြောင်း၊ ရာသီပြောင်း ကာလ များတွင် အများဆုံး ဖြစ်တတ်ပါသည်။

နွေရာသီတွင် အပူဒဏ် သက်သာစေရန် အလို့ငှာ အချိန်အခါ မဟုတ် ရေချိုးခြင်း၊ ဦးခေါင်းကို ရေစိမ်ချိုးခြင်း၊ အင်္ကျီချွတ်ပြီး လေအေး အတိုက်ခံခြင်း၊ ပန်ကာ လေခံခြင်း၊ ညဘက်အချိန် စောင်မခြုံဘဲ အိပ်ခြင်း၊ ရေခဲရေ သောက်ခြင်းတို့ကြောင့် အပူအအေး ဝိရောဓိ ဖြစ်ပြီး အအေးပတ် ကာ နှာစေး၊ ချောင်းဆိုး ဖြစ်စေသည်။

Read More==> http://myawady.com.mm/library/stories/healthstories/item/5463-2013-01-28-09-07-19
နှာစေးခြင်းနှင့် ချောင်းဆိုးခြင်း ဒွန်တွဲခံစား ရခြင်းကို နှာစေး၊ ချောင်းဆိုးဟု ခေါ်ကြပါသည်။ နှာစေး ၊ ချောင်းဆိုးခြင်းသည် ရုတ်တရက် ဖြစ်ပေါ်တတ်ပြီး ညီညွတ်မျှတအောင်မနေတတ်လျှင် ရက်တာ ရှည် ဖြစ်နေတတ်ပါသည်။
နှာစေး၊ ချောင်းဆိုးမှ တစ်ဆင့် အဖျားရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများ ဆီသို့ ဦးတည် သွားတတ်သဖြင့် ''အပျက် အပျက် နှင့် နှာခေါင်းသွေးထွက်'' ဆိုသကဲ့သို့ သာမန်အခြေအနေ မှ ရောဂါကြီး အဆင့် ဖြစ်တတ်ပါသေးသည်။

နှာစေး၊ ချောင်းဆိုး ဖြစ်ခြင်းသည် နွေ၊ မိုး၊ ဆောင်း ရာသီဥတုအလိုက် ဖြစ်တတ်သော ရောဂါဟု ဆိုနိုင် ပါသည်။ နွေဦး၊ မိုးဦး၊ ဆောင်းဦး စသည့် ဥတုပြောင်း၊ ရာသီပြောင်း ကာလ များတွင် အများ ဆုံး ဖြစ် တတ်ပါသည်။

နွေရာသီတွင် အပူဒဏ် သက်သာစေရန် အလို့ငှာ အချိန်အခါ မဟုတ် ရေချိုးခြင်း၊ ဦးခေါင်း ကို ရေစိမ် ချိုးခြင်း၊ အင်္ကျီချွတ်ပြီး လေအေး အတိုက်ခံခြင်း၊ ပန်ကာ လေခံခြင်း၊ ညဘက်အချိန် စောင်မခြုံဘဲ အိပ်ခြင်း ၊ ရေခဲရေ သောက်ခြင်းတို့ကြောင့် အပူအအေး ဝိရောဓိ ဖြစ်ပြီး အအေးပတ် ကာ နှာစေး ၊ ချောင်း ဆိုး ဖြစ်စေသည်။

from....မြ၀တီ

No comments:

Post a Comment