Sunday, May 5, 2013

ချစ်သူက ကိုယ့်ကို ပိုချစ်အောင် ဘယ်လိုလုပ်မလဲ?


၁. ။Give time .. အချိန်ပေးပါ။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူရှိနေ နိုင်ရင်လဲ ရှိနေပေါ့၊ ရှိမနေနိုင်ရင်လည်းဘယ်အချိန်မှာ လိုအပ်မလဲ၊ သူလိုအပ်တဲ့အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစားသင့် ပါတယ်။ဒါကြောင့် အချစ်ကိုပေးဖို့ဆိုရင် အချိန်ကိုလဲပေးသင့်တယ်ဆိုတဲ့ အချက်ကိုချစ်သူတွေရဲ့ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာတစ်ခုပါ။ သိထားသင့်ပါတယ်။ ကိုယ့် ချစ်သူကို ဂရုတစိုက်ရှိရမှာဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့ သူကဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ။
၂.။ Give caring … ဂရုစိုက်မှုပေးပါ။ ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့ ဖာသိဖာသာ ဖြစ်နေ တတ်ပါတယ် ၊ အထူးသဖြင့် သူရဲ့ ခံစားချက်တွေကို ဂရုစိုက်ပြီး နားလည်ပေးဖို့ပါပဲ ။

၃.။ Give help … အကူအညီပေးပါ။ ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊အသေးအမွှားလေး တွေပဲ ဖြစ်ဖြစ်ပေါ့။ စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ သူ့အတွက် ကြည်နူးပီတိဖြစ်ရပါတယ်။

၎.။ Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ။ ကိုယ်ချစ်သူကို နားလည်မှု ပေးပြီးချစ်ပါ ။ ချစ်တဲ့ နေရာမှာ ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို့ ဘောင်တွေ ကန့်သတ်ချက်တွေ ကို ကျယ်ကျယ်လေးထားပေးပါ။ စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီး ကျဉ်းကျပ်နေ ရင် အချစ်ခံရတဲ့ သူဟာလွပ်လပ်မှုမရှိတဲ့အတွက် အပြည့်အ၀ ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါလိမ့်မယ် ။

၅..။Give respect လေးစားမှု ပေးပါ။ ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ ကိုယ်က ချစ်ပြီဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုးမလုပ်ပဲ နဲ့ သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု ပေးပါ။

၆.။ Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး စတဲ့ အသေးစိတ်အချက်အလက် လေးတွေက စပြီး သိထားပါ။ အာရုံစူးစိုက်ပြီး မှတ်သားပါ ၊သူကြိုက်တာကို လုပ်ပြီး မကြိုက်တာကို မလုပ်ပါနဲ့ ။

၇.။ Give gifts …. လက်ဆောင်လေးတွေ ပေးပါ။ တခါတရံ မှာတော့ လက်ဆောင်လေးတွေ ပေးတာဟာလဲ အချစ်ကို ပြသရာ ရောက်ပါတယ်။ သတိရ ခြင်းရဲ့ အထိန်းအမှတ် အဖြစ်ပေါ့။ လက်ဆောင်သေးသေးလေးတွေ ပဲ ဖြစ်ပါစေတန်ဘိုးထား တတ်ကြပါတယ် ။ အရာဝတ္ထု တိုင်းမှာ တန်ဘိုး နှစ်မျိုး ရှိကြပါတယ် ၊ အဲဒါတွေကတော့ materialvalue နဲ့ sentimental value တို့ပါပဲ material value က ပစ္စည်းရဲ့ မူလတန်ဘိုး ဖြစ်ပြီးတော့ sentimental value ကတော့ အဲဒီပစ္စည်းအပေါ်မှာ ခံစားတဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ရဲ့ တန်ဘိုးပါ ။ ချစ်သူက ထီးလေး တစ်လက်ကို လက်ဆောင်းပေးတယ် ဆိုပါစို့၊ နေပူထဲသွားလို့အဲဒီ ထီးလေးကို ဆောင်းတဲ့ အခါမှ ပိုပြီး အေးတယ်လို့ ခံစားရကောင်းရနိုင်ပါတယ် ၊ ချစ်သူရဲ့ အမှတ်တရ ဖြစ်မှု ၊ ချစ်သူရဲ့ အမှတ်သင်္ကေတ ၊ချစ်သူရဲ့ စေတနာ စတဲ့.. စတဲ့ ခံစားရခြင်းတွေ ပူးပေါင်းပါဝင်နေတာမို့ အဲဒီထီးလေးကို … ရောင်းတဲ့ ဆိုင်ပေါ်ကအလားတူ ထီးတစ်လက် ထက်တော့ ပိုတန်ဘိုးထား ပါလိမ့်မယ် ၊ အဲဒီသဘောပါပဲ ။ဒါကြောင့်မို့ ကိုယ့်အတွက် မပင်ပန်းစေမယ့် လက်ဆောင်လေးတွေ ပေး သင့်ပါတယ်။

၈.။ Communication ဆက်သွယ်ပြောဆိုပါ။ လူအချင်းချင်း ဆက်ဆံတဲ့ နေရာ မှာတောင် ပြောဆို ဆက်ဆံရေးဟာ အရေးကြီးပါတယ်၊ ကိုယ့်ချစ်သူကို ကျတော့ ကိုယ်က ချစ်တဲ့ အကြောင်း ၊ သူဟာ ကိုယ့်အတွက်လိုအပ်တယ် ဆိုတဲ့အကြောင်း စတာတွေကို ပြောပေးရမှာ ဖြစ်ပါတယ်။ ချို့သူများဟာ ချစ်တယ် ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ကြားချင်သလို သေချာစေချင်တဲ့ အတွက်မေးလဲ မေးလေ့ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ပုံစံချင်းမတူဘူးပေါ့၊ ကိုယ့်ချစ်သူရဲ့ ဆန္ဒကို လိုက်ပြီးကိုယ်ခံစားချက်ကို သိအောင် ပြောပေး ရမှာ ဖြစ်ပါတယ် ၊ အပိုတွေကို ညာဖြီးအာရွှီးဖို့ ပြောတာ မဟုတ်ပါဘူး၊ ချစ်တဲ့ အကြောင်းကို ပြောဖို့လဲလိုအပ်တယ်ဆိုတဲ့ အချက်ကလေးကို စားရင်းတို့ပေးလိုက် တာပါပဲ။

၉။.faithful-သစ်စာရှိပါ။ လောကမှာ ဘယ်ယောက်ျားလေး၊မိန်းကလေးမဆို ဆန့်ကျင်ဘက်ချော တဲ့ ကောင်လေး၊ ကောင်မလေး တွေတွေ့ရင် စိတ်ထဲက ဘာရယ်မဟုတ်တောင် လိုက်ကြည့်မိတတ်ကြပါတယ်..၊ ဒါပေမယ့်ဒီလို အပြုအမူမျိုးကို ကိုယ်ချစ်တဲ့သူဘေးမှာ ရှိနေရင် မလုပ်သငိ့ပါဘူး။ ဒါဟာ ကိုယ့်ချစ်သူကို မလေးစားရာ ရောက်သလို သူ့ရဲ့ အထင်သေးမှုကိုလည်း ရရှိသွားတတ်ပါတယ်… ဘယ်သူမဆို ကိုယ့်ချစ်သူက ကိုယ့်ကိုဘဲ ကြည့်စေချင်၊ ချစ်စေချင် တာလေ… ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲတွေကလည်း ချစ်သူတွေကြားမှာ ဆူးနှောင့်လေး ဖြစ်တတ်တာမို့ ထည့်ရေးပေးလိုက်တာပါ.. ဒီလို အသေးအဖွဲ ကြည့်တာလေးတောင် ရှော့ရှိနိုင်ရင် ကိစ်စအကြီးကြီးတွေမှာ ပြသနာမဖြစ်ဖို့ သစ်စာရှိရမယ်ဆိုတာ ပြောဖို့ မလိုတော့ဘူး။

၁၀။.နားလည်မှုပေးပါ(မလိမ်မိပါစေနှင့်)။ ဆိုလိုချငိတာက ကိုယ်ဟာလူ၁ယောက်ကို ချစ်မိရင် ချစ်တယ်လို့မပြောခင် သူ့အတိတ်ကို လေ့လာပါ။ မလေ့လာရငိ တောင် ကိုယ့်အချစ်ကို သူ့ကိုဖွင့်ဟမပြောခငိ ကိုယ့်ကိုကိုယ် သေချာရဲ့လား သုံးသပ်ပါ။ သေချာလို့ ဖွင့်ပြောပြီးပြီ၊ ချစ်သူတွေ ဖြစ်ပြီးပြီဆိုရင်တော့ အတိတ်က ကိစ်စနဲ့ဘဲဖြစ်ဖြစ်၊ လတ်တလော ကိစ်စနဲ့ဘဲ ဖြစ်ဖြစ် အထင်လွဲစရာ ပေါ်လာတဲ့အခါ ပွင့်ပွင့်လင်းလင်းမေးပါ။ နားလည်မှုပေးပါ… ကြားစကားဆိုတာ တစိတ်ကို တအိတ် လုပ်တတ်ကြပါ တယ်။ ကြားလူတွေရဲ့ ပယောဂကြောင့် ဝေးသွားတဲ့ချစ်သူတွေ လောကကြီးမှာ အများကြီးပါ။ မိမိက အမေးခံရသူဖြစ် နေရင်လည်း ချစ်သူက မေးတဲ့အခါ ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းပြောလိုက်ပါ။ မညာမိပါစေနှင့်။မိမိမှာ အမှားရှိခဲ့ရင် တောင် မည်သူမဆို ကိုယ့်ချစ်သူရဲ့အကြောင်းကို သူများပြောမှ သိတာထက် ကိုယ်ချစ်သူကိုယ်တိုင် ဖွင့်ဟအသိပေး ထားတာဘဲ လိုချင်ကြတာပါ။ အကောငိးဆုံး အကြံပေးချင်တာကတော့ ရငိးနှီးတဲ့အဆင့်မှာတင် ကိုယ့်အကြောင်း အားလုံး ပြောပြထား လိုက် ပါ။ ပြောထားပြီးပြီဆိုတော့ ကိုယ်လည်း လိပ်ပြာသန့်သလို သူကိုလည်း စဉ်းစားဖို့ပြောပြီးသားဖြစ်သွား တာပေါ့။ ချစ်သူတွေ ဖြစ်ပြီးမှ ကွဲကွာတာထက်စာရင် မိတ်ဆွေ အဖြစ်နဲ့ တသက်လုံး ရင်းနှီးသွားတာကလည်း မင်္ဂလာ ၁ပါးပါဘဲ။

၁၁။.Touching ထိတွေ့မှုတဲ့ ဒီအချက်က မြန်မာတော့ မဆန်ဘူး ၊ ဒါပေမယ့် ချန်ခဲ့ဖို့လဲ မကောင်းဘူး ၊ ဒါကြောင့် အောက်ဆုံးနားမှာ ထားပြီး ထည့်ပေးလိုက်ပါတယ်။ တခါတရံ အားငယ်နေတဲ့ အခါမျိုးမှာ တစုံတယောက်က လက်ကိုဖျစ်ညှစ်ဆုပ်ကိုင်ပြီး အားပေးစကား ပြောလာတဲ့ အခါ အားရှိသွားသလိုမျိုးခံစားရဖူးပါသလား ၊ ပုခုံးဖက်ပြီး ပေါင်းလာကြတဲ့ သူငယ်ချင်းတွေ ပါလို့ပြောကြတာ ကြားဖူးပါသလား ၊ နွေးထွေးမှု ရင်းနှီးမှု စတဲ့စိတ်ခံစားချက်တွေကို ခန္ဓာကိုယ်ရဲ့ ထိတွှေု့တွေကနေ တစ်ဆင့်ရရှိနိုင်ပါတယ်။ နှလုံးကနေ ထုတ်လွှတ်တဲ့ စွမ်းအင်တွေကို ထိတွေ့မှုတွေကနေတစ်ဆင့် ကူးပြောင်းရရှိနိုင်တဲ့ အကြောင်းတွေကို ဂျာနယ်ထဲမှာ ဖတ်ရှုဖူးပါတယ် ။ ဒါကြောင့်မို့ လက်ကလေးကို ဆုပ်ကိုင်တာ ၊ ပုခုံးကိုဖက်တာ ၊ လက်မောင်းကိုကိုင်တာ ၊ အကြင်နာပေးတာလေးတွေက အစပေါ့ ဒါလေးတွေကလဲ လိုအပ်ပါတယ် ။ အဓိက ကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ကြင်နာမှု နွေးထွေးမှု စတဲ့ ခံစားရတာတွေကို ပြောချင်တာပါ ။

No comments:

Post a Comment