တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၃)ရပ်ကွက်၊ ချယ်ရီဥယျာဉ် အိမ်ရာအတွင်းရှိ ဆာကူရာအော် တိုကုမ္ပဏီဆေးဘော်ဒီ အလုပ်ရုံမှ ၀န်ထမ်း(၃)ဦးက ချယ်ရီဥယျာဉ်
အိမ်ရာ၊ ချယ်ရီ(၂)လမ်း၊ အမှတ် (၄၃)နေ ဗိုလ်မှူးစိုးကြည်(ငြိမ်း)
ဆေးမှုတ်ပြုပြင်ရန် အပ်နှံထားသော တိုယိုတာ(ကလူဂျာ)ကားကို ပြန်လည်ပေးအပ်ခြင်းမပြုသဖြင့် တောင်ဥက္ကလာရဲစခန်းသို့ တိုင်
ကြားထားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်ပိုင်ရှင်ဖြစ်သူအား တွေ့ဆုံ မေးမြန်းရာ ““အဲဒီ ဆာကူရာကုမ္ပ ဏီက မန်နေဂျာတစ်ယောက်က ကျွန်တော်ကို လာတွေ့ပါတယ်။သူလာတွေ့ရတဲ့အကြောင်းအရင်း က သူဌေးက လုံးဝတာဝန်မယူဘူး။ ဒီကိစ္စကိုလည်း ဘာမှမသိဘူးဆိုပြီး ပြောနေတဲ့အတွက် ကြောင့် လာတွေ့ပြီး ညှိနှိုင်းတာပါတဲ့။ ဆာကူရာက သူဌေးကဘာပြောလဲဆိုတော့ ဒီကိစ္စသူမသိတဲ့ ကိစ္စဖြစ်လို့ သူ့ဝန်ထမ်း(၃)ယောက်နဲ့ပဲ တွေ့ပြီးရှင်းပါတဲ့။ အဲဒီ(၃)ယောက်က ဆာကူရာကုမ္ပဏီ က တာဝန်ခံ အင်ဂျင်နီယာ မျိုးမင်းသောင်း၊ ဘော်ဒီဆရာ ထွန်းလေးနဲ့ ၀န်ထမ်းတစ်ဦး (အမည်မသိ)တို့ပဲဖြစ်ပါတယ်။
သူတို့က ဧပြီလ
(၂၁)ရက် ည(၁၀)နာရီခန့်လောက်မှာ ပဲခူးဘက်ကို ဆာကူရာလုံခြုံရေး ဂိတ်ကနေပဲ
ကားကိုယူဆောင်ပြီး ထွက်သွားတဲ့အချိန် လမ်းတစ်နေရာမှာ ယာဉ်မတော်တဆမှုဖြစ်လို့ ဒါးပိန်ရဲစခန်းက ကားကောလူပါ ထိန်းသိမ်းထားတယ်လို့
ကြားရပါတယ်””ဟု ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင်များအနေဖြင့် တောင်ဥက္ကလာပရဲစခန်းတွင် အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားထားကြောင်း၊ ၎င်းတို့အနေဖြင့် ကားကို ဒါးပိန်ရဲစခန်းမှ မထုတ်ယူရသေးကြောင်း၊ ထိုဝန် ထမ်း(၃)ဦးကို ဆာကူရာကုမ္ပဏီက အာမခံဖြင့် ထုတ်ယူသွားသည်ဟု ကြားသိရကြောင်း၊ ယင်းကိစ္စအား ပြုလုပ်သူများမှာ ဆာကူရာကုမ္ပဏီဝန်ထမ်းများဖြစ်သည့် အတွက် ကုမ္ပဏီသူဌေးက တာဝန်ယူသင့်ကြောင်း ကာယကံရှင်ဖြစ်သူ ဗိုလ်မှူးစိုး ကြည်(ငြိမ်း)က ဆက်လက်ပြော ကြားခဲ့သည်။
ပြည်သူ့ညီညီအောင်
Hot News Weekly
No comments:
Post a Comment