Friday, May 24, 2013

အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်ပါက အင်းသားများ ကန့်ကွက်မည်

Photo: အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်ပါက အင်းသားများ ကန့်ကွက်မည်

အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်လာပါက အင်းသားများ ကန့်ကွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''နောက်ထပ် ဟိုတယ်တွေ တိုးချဲ့တာတို့ ဘာတို့ ကန်ထဲမှာ လာလုပ်သရွေ့တော့ နောက်ပိုင်း ကျွန်တော်တို့ ထိပ်တိုက်တောင် ရင်ဆိုင်ရင် ရင်ဆိုင်ရနိုင်တယ်။ ကန်စပ်မှာ နောက်ထပ် လာလုပ်မယ်ဆိုရင်တော့ လုံးဝ လက်မခံဘူး။ မဖြစ်ဖြစ်အောင် ကန့်ကွက်သွားရမှာပဲ'' ဟု အင်းသား စာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ အမှုဆောင် ဦးသာဒိုးက ပြောကြားသည်။

ညောင်ရွှေမြို့နယ်တွင် တည်ရှိသည့် အင်းလေးဒေသ၌ ကန်တွင်းနှင့် ကန်နှင့် ထိစပ်နေသော နေရာများတွင် ဟိုတယ်များ တိုးချဲ့ တည်ဆောက်မှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အင်းလေးကန်တွင်း၌ ဟိုတယ်သစ် တစ်လုံးကို တည်ဆောက်လျက်ရှိပြီး ကန်နှင့်ထိစပ်နေသော နေရာတွင်မူ ဟိုတယ် ၁၃ လုံးခန့် ဆောက်နေကြောင်း သိရသည်။

''ကန်နဲ့အရမ်းစပ်တဲ့အပြင် ကန်ဧရိယာကို သူတို့က နားလှည့်ပါးလှည့်နဲ့ ဆွဲထုတ်၊ တစ်ဖက်က ဘေးမဲ့တို့၊ အင်းလေးကန် ထိန်းသိမ်းရေးအဖွဲ့တို့က ဒီအတိုင်းကို ချထားတဲ့အတိုင်း တော်ပြီ၊ ပြီးသွားတဲ့ ဥစ္စာတွေကိုတော့ ကျွန်တော်တို့ မပြောဘူး။ ဒါအရင်က ဖြစ်ခဲ့ပြီးပြီ။ သူတို့ကို ဆုတ်ပါလို့ မပြောတော့ဘူး။ သို့သော် တစ်နေ့ တအားကြီးမားလာလို့ ကျွန်တော်တို့ ထိန်းသိမ်းတာ ပြောစကားတွေ အရာမရောက်တော့ဘူးဆိုရင် ပြန်ဆုတ်အောင် ကျွန်တော်တို့ လုပ်မယ်'' ဟု ဦးသာဒိုးက ပြောကြားသည်။ အင်းလေးကန်တွင်း၌ လုပ်ငန်း လည်ပတ်နေသော ဟိုတယ် ၁၄ လုံးရှိပြီး အင်းလေးဒေသရှိ ဟိုတယ်စုစုပေါင်း ၄၈ လုံးရှိနေသည်။

အင်းလေးကန်ရှိ ရွှေအင်းသားဟိုတယ်အား တွေ့ရစဉ်
အင်းလေးကန်ရှိ ရွှေအင်းသားဟိုတယ်အား တွေ့ရစဉ်
အင်းလေးကန်အတွင်း ဟိုတယ်များတိုးချဲ့မှု ထပ်မံပြုလုပ်လာပါက အင်းသားများ ကန့်ကွက် မှုများ ပြု လုပ် သွားမည် ဖြစ်ကြောင်း အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။
''နောက်ထပ် ဟိုတယ်တွေ တိုးချဲ့တာတို့ ဘာတို့ ကန်ထဲမှာ လာလုပ်သရွေ့တော့ နောက်ပိုင်း ကျွန်တော် တို့ ထိပ်တိုက်တောင် ရင်ဆိုင်ရင် ရင်ဆိုင်ရနိုင်တယ်။ ကန်စပ်မှာ နောက်ထပ် လာလုပ်မယ်ဆိုရင်တော့ လုံးဝ လက်မခံဘူး။ မဖြစ်ဖြစ်အောင် ကန့်ကွက်သွားရမှာပဲ'' ဟု အင်းသား စာပေ ယဉ်ကျေး မှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ အမှုဆောင် ဦးသာဒိုးက ပြောကြားသည်။

ညောင်ရွှေမြို့နယ်တွင် တည်ရှိသည့် အင်းလေးဒေသ၌ ကန်တွင်းနှင့် ကန်နှင့် ထိစပ်နေသော နေရာ များ တွင် ဟိုတယ်များ တိုးချဲ့ တည်ဆောက်မှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အင်းလေးကန်တွင်း၌ ဟိုတယ်သစ် တစ်လုံးကို တည်ဆောက်လျက်ရှိပြီး ကန်နှင့်ထိ စပ်နေသော နေရာ တွင်မူ ဟိုတယ် ၁၃ လုံးခန့် ဆောက်နေကြောင်း သိရသည်။

''ကန်နဲ့အရမ်းစပ်တဲ့အပြင် ကန်ဧရိယာကို သူတို့က နားလှည့်ပါးလှည့်နဲ့ ဆွဲထုတ်၊ တစ်ဖက်က ဘေးမဲ့တို့၊ အင်းလေးကန် ထိန်းသိမ်းရေးအဖွဲ့တို့က ဒီအတိုင်းကို ချထားတဲ့အတိုင်း တော်ပြီ၊ ပြီးသွားတဲ့ ဥစ္စာတွေ ကိုတော့ ကျွန်တော်တို့ မပြောဘူး။ ဒါအရင်က ဖြစ်ခဲ့ပြီးပြီ။ သူတို့ကို ဆုတ်ပါလို့ မပြောတော့ဘူး။ သို့သော် တစ်နေ့ တအားကြီးမားလာလို့ ကျွန်တော်တို့ ထိန်းသိမ်းတာ ပြောစကားတွေ အရာမရောက်တော့ ဘူးဆိုရင် ပြန်ဆုတ်အောင် ကျွန်တော်တို့ လုပ်မယ်'' ဟု ဦးသာဒိုးက ပြောကြားသည်။ အင်းလေးကန် တွင်း၌ လုပ်ငန်း လည်ပတ်နေသော ဟိုတယ် ၁၄ လုံးရှိပြီး အင်းလေးဒေသရှိ ဟိုတယ်စုစုပေါင်း ၄၈ လုံးရှိနေသည်။
 
From...Eleven

No comments:

Post a Comment