Saturday, May 4, 2013

ရှမ်း/ ပလောင်/ ကချင် ပူးပေါင်းအဖွဲ့မှ အပြစ်မဲ့ တိုင်းရင်းသား ဒေသခံ ရွာသား နှစ်ဦးအား ဖမ်းဆီး၍ တစ်ဦးအား သတ်ဖြတ်

ရှမ်း/ ပလောင်/ ကချင် ပူးပေါင်းအဖွဲ့မှ အပြစ်မဲ့ တိုင်းရင်းသား ဒေသခံ ရွာသား နှစ်ဦးအား ဖမ်းဆီး၍ တစ်ဦးအား သတ်ဖြတ်


ရှမ်း/ ပလောင်/ ကချင်အဖွဲ့များ ပူးပေါင်းထားသော တိုင်းရင်းသား လက်နက်ကိုင် အင်အား ၂ဝ ဦး ပါဝင်သော အဖွဲ့ တစ်ဖွဲ့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်လျက် ကွတ်ခိုင်မြို့နယ် လွယ်ပိုးကျေးရွာသို့ ၂ဝ၁၃ ခုနှစ် ဧပြီ ၂၂ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဝင်ရောက်လာပြီး ကျေးရွာလူကြီး ဦးလှဝင်းနှင့် လုံကန် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ဦးညီဖေတို့ နှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားသည်။

အဆိုပါ လက်နက်ကိုင် အဖွဲ့များ ဖမ်းဆီး ခေါ်ဆောင်သွားသော ကျေးရွာလူကြီး ဦးလှဝင်းနှင့် ဦးညီဖေတို့ နှစ်ဦးအနက် ဦးလှဝင်းမှာ ၂ဝ၁၃ ခုနှစ် ဧပြီ ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်က လွယ်ပိုး ကျေးရွာသို့ ပြန်လည် ရောက်ရှိလာသည်။

ဦးညီဖေမှာ ရွာနီး တောစပ်၌ ၎င်းလက်နက်ကိုင် အဖွဲ့များ၏ ညှဉ်းပန်းနှိပ်စက် ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင်  သေနတ် ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးလျက်ရှိကြောင်း သိရှိရသဖြင့် ကျေးရွာ တာဝန် ရှိသူများ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင် များမှ အလောင်းအား လိုက်လံ ရှာဖွေပြီး မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီး သတ်ဖြတ်မှုနှင့် ပတ်သက်၍ ရွာသားများ၏ ပြောပြချက်အရ အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် ကျေးရွာ လူကြီးများထံမှ တောင်းခံသည့် ဆက်ကြေးငွေနှင့် ရိက္ခာများ ပေးပို့ရန် ပျက်ကွက်မှုကြောင့် လည်းကောင်း၊ တပ်မတော် စစ်ကြောင်း များ၏ အမာခံ သတင်းပေးဟု စွပ်စွဲ၍ လည်းကောင်း သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

လွတ်မြောက်လာသူ ကျေးရွာလူကြီး ဦးလှဝင်းမှာ ၎င်းအဖွဲ့များ ထပ်မံ ရောက်ရှိမည်ကို စိုးရိမ်သောကြောင့် ၎င်း၏ မိသားစု များအား ခေါ်ဆောင်၍ ရွာမှ တိမ်းရှောင် သွားခဲ့သည်။

ထိုကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တရားဥပဒေမဲ့ လုပ်ရပ်များအား ဒေသခံ ပြည်သူများမှ ရွံရှာ စက်ဆုပ် မုန်းတီး လျက်ရှိကြောင်း သတင်း ရရှိသည်။

 
http://www.myawady.net.mm/allnews/headline/item/12790-2013-05-04-08-15-22
ရှမ်း/ ပလောင်/ ကချင်အဖွဲ့များ ပူးပေါင်းထားသော တိုင်းရင်းသားလက်နက်ကိုင် အင်အား ၂ဝ ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့ သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်လျက် ကွတ်ခိုင်မြို့နယ် လွယ်ပိုးကျေးရွာသို့ ၂ဝ၁၃ ခုနှစ် ဧပြီ ၂၂ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဝင်ရောက်လာပြီး ကျေးရွာလူကြီး ဦးလှဝင်းနှင့် လုံကန်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ဦးညီဖေတို့ နှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်သွားသည်။ အဆိုပါလက်နက်ကိုင်အဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွားသော ကျေးရွာလူကြီးဦးလှဝင်းနှင့် ဦးညီဖေ တို့နှစ်ဦးအနက် ဦးလှဝင်းမှာ ၂ဝ၁၃ ခုနှစ် ဧပြီ ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်က လွယ်ပိုး ကျေးရွာသို့ ပြန် လည် ရောက်ရှိလာသည်။

ဦးညီဖေမှာ ရွာနီးတောစပ်၌ ၎င်းလက်နက်ကိုင်အဖွဲ့များ၏ ညှဉ်းပန်းနှိပ်စက်ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးလျက်ရှိကြောင်းသိရှိရသဖြင့် ကျေးရွာတာဝန်ရှိသူများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ အလောင်း အား လိုက်လံရှာဖွေပြီး မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖမ်းဆီးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ရွာသားများ၏ပြောပြချက်အရ အဆိုပါလက်နက်ကိုင်အဖွဲ့များ သည် ကျေးရွာလူကြီးများထံမှ တောင်းခံသည့်ဆက်ကြေးငွေနှင့် ရိက္ခာများပေးပို့ရန် ပျက်ကွက်မှုကြောင့် လည်းကောင်း၊ တပ်မတော်စစ်ကြောင်းများ၏ အမာခံသတင်းပေးဟု စွပ်စွဲ၍လည်းကောင်း သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

လွတ်မြောက်လာသူ ကျေးရွာလူကြီး ဦးလှဝင်းမှာ ၎င်းအဖွဲ့များ ထပ်မံရောက်ရှိမည်ကို စိုးရိမ်သောကြောင့် ၎င်း၏ မိသားစု များအား ခေါ်ဆောင်၍ ရွာမှ တိမ်းရှောင်သွားခဲ့သည်။

ထိုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တရားဥပဒေမဲ့လုပ်ရပ်များအား ဒေသခံပြည်သူများမှ ရွံရှာစက်ဆုပ် မုန်းတီး လျက်ရှိကြောင်း သတင်းရရှိသည်။

http://www.myawady.net.mm/allnews/headline/item/12790-2013-05-04-08-15-22

No comments:

Post a Comment