Tuesday, May 21, 2013

နေပြည်တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေ ရောင်း ၀ယ်ခြင်း ဈေးကွက် ၈၀ ရာခိုင် နှုန်းခန့် ကျဆင်းပြီး ရောင်းသူများပြီး ၀ယ်လက်အေးလျက်ရှိ

Photo: နေပြည်တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေ ရောင်း ၀ယ်ခြင်း ဈေးကွက် ၈၀ ရာခိုင် နှုန်းခန့် ကျဆင်းပြီး ရောင်းသူများပြီး ၀ယ်လက်အေးလျက်ရှိ

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အိမ်ခြံမြေ ရောင်းဝယ်ခြင်း လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ကျဆင်းလျက်ရှိကြောင်း ညီလေးအိမ်ခြံမြေနှင့် အထွေထွေ အကျိုးဆောင် လုပ်ငန်းမှ သိရှိရသည်။

နေပြည်တော် အိမ်ခြံမြေ ဈေးကွက်တွင် ယခင်က စီးပွားရေး လုပ်ငန်းရှင်များ ဈေးပေးဝယ်သည့် ရာဇဌာနီ လမ်းမကြီး၏ လမ်းဘေးဝဲ၊ ယာမြေကွက်များသည် ပေ ၄၀_၆၀ မြေတစ်ကွက်တွင် သိန်း ၂၅၀၀ ကျပ်ရှိခဲ့ပြီး ယခုအခါတွင် သိန်းပေါင်း ၁၈၀၀ အောက်သို့ ကျဆင်းခဲ့သည်။

နေပြည်တော် ပျဉ်းမနားမြို့ အိမ်ခြံမြေ အကျိုးဆောင် ဦးညီလေးက ''ကျန်တဲ့နေရာ တွေမှာလည်း သိန်း ၅၀၀ တန်တဲ့ဝိုင်းကို သိန်း ၂၀၀၊ ၃၀၀ လောက် တစ်ဝက်နီးပါး ကျသွားတယ်။ ၀ိုင်းကွက်တွေက ရောင်းတဲ့ဝယ်တဲ့ သူအနေနဲ့ ရောင်းချင်တဲ့သူ အပ်ထားတဲ့ သူတွေတော့ အများကြီးပဲ။ တချို့သူတွေသာ ပေါင်ထားတယ်။ အပေါင်ဆုံးတော့မှာမို့ ရောင်းလိုက်ရတာတွေပဲရှိတယ်။ ခြုံပြောရမယ်ဆိုရင် ၂၀၁၃ ခုနှစ်မှာ အရောင်း၊ အ၀ယ် တွေက ၈၀ ရာခိုင်နှုန်းနီးပါးကျပြီး အရောင်းအ၀ယ် အေးလျက်ရှိသည်'' ဟု ပြောကြားသည်။

နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် ကျောက်မျက်ပြပွဲ နီးလာလျှင် အရောင်းအ၀ယ်နှင့် အငှားများ တွင်ကျယ်ခဲ့ပြီး ယခုအခါ ကျောက်မျက်ကုမ္ပဏီနှင့် ကုန်သည်များ နိုင်ငံတော်မှ မြေကွက်များ ချထားပေးသည့်အတွက် ၀ယ်ငှားလုပ်ငန်းများ အေးလျက်ရှိကြောင်း သိရှိရသည်။

''ဈေးမြင့်တာတွေ အငှားမဖြစ်ဘူး။ ဈေးနိမ့်တဲ့ သောင်းဂဏန်းတန်တွေ လောက်ပဲ အလုပ်ဖြစ်တယ်။ တစ်သိန်းပတ်ဝန်းကျင် လောက်ပေါ့။ အရင်က ကျောက်မျက်ပွဲဆိုရင် အုတ်တံတိုင်း ခတ်ထားမယ်၊ ကျောက်ထားဖို့ နေရာကျယ်မယ်၊ အခြားအိမ်တွင်း ပရိဘောဂ ပြည့်စုံတယ်ဆိုရင် ငါးသိန်း၊ ခြောက်သိန်းလောက် တောင်းလို့ရတယ် ပေးတယ်ပေါ့။ အခု ငါးသိန်း၊ ခြောက်သိန်း ဆိုတာတွေက တစ်သိန်းနဲ့ သုံးသိန်း ပတ်ခြာလည်ဆိုရပြီး ဈေးတွေက ထက်ဝက်ကျော်ကျော်လောက်ကို ကျသွားတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။


နေပြည်တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အိမ်ခြံမြေ ရောင်းဝယ်ခြင်း လုပ်ငန်း များ ၈၀ ရာခိုင်နှုန်း ကျဆင်းလျက်ရှိကြောင်း ညီလေးအိမ်ခြံမြေနှင့် အထွေထွေ အကျိုးဆောင် လုပ်ငန်းမှ သိရှိရသည်။

နေပြည်တော် အိမ်ခြံမြေ ဈေးကွက်တွင် ယခင်က စီးပွားရေး လုပ်ငန်းရှင်များ ဈေးပေးဝယ်သည့် ရာဇဌာနီ လမ်းမကြီး၏ လမ်းဘေးဝဲ၊ ယာမြေကွက်များသည် ပေ ၄၀_၆၀ မြေတစ်ကွက်တွင် သိန်း ၂၅၀၀ ကျပ်ရှိ ခဲ့ပြီး ယခုအခါတွင် သိန်းပေါင်း ၁၈၀၀ အောက်သို့ ကျဆင်းခဲ့သည်။

နေပြည်တော် ပျဉ်းမနားမြို့ အိမ်ခြံမြေ အကျိုးဆောင် ဦးညီလေးက ''ကျန်တဲ့နေရာ တွေမှာလည်း သိန်း ၅၀၀ တန်တဲ့ဝိုင်းကို သိန်း ၂၀၀၊ ၃၀၀ လောက် တစ်ဝက်နီးပါး ကျသွားတယ်။ ၀ိုင်းကွက်တွေ က ရောင်း တဲ့ဝယ်တဲ့ သူအနေနဲ့ ရောင်းချင်တဲ့သူ အပ်ထားတဲ့ သူတွေတော့ အများကြီးပဲ။ တချို့သူတွေ သာ ပေါင်ထားတယ်။ အပေါင်ဆုံးတော့မှာမို့ ရောင်းလိုက်ရတာတွေပဲရှိတယ်။ ခြုံပြောရမယ် ဆိုရင် ၂၀၁၃ ခုနှစ်မှာ အရောင်း၊ အ၀ယ် တွေက ၈၀ ရာခိုင်နှုန်းနီးပါးကျပြီး အရောင်း အ၀ယ် အေးလျက် ရှိသည်'' ဟု ပြောကြားသည်။

နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် ကျောက်မျက်ပြပွဲ နီးလာလျှင် အရောင်းအ၀ယ်နှင့် အငှားများ တွင်ကျယ်ခဲ့ပြီး ယခုအခါ ကျောက်မျက်ကုမ္ပဏီနှင့် ကုန်သည်များ နိုင်ငံတော်မှ မြေကွက်များ ချထားပေး သည့်အတွက် ၀ယ်ငှားလုပ်ငန်းများ အေးလျက်ရှိကြောင်း သိရှိရသည်။

''ဈေးမြင့်တာတွေ အငှားမဖြစ်ဘူး။ ဈေးနိမ့်တဲ့ သောင်းဂဏန်းတန်တွေ လောက်ပဲ အလုပ်ဖြစ်တယ်။ တစ်သိန်းပတ်ဝန်းကျင် လောက်ပေါ့။ အရင်က ကျောက်မျက်ပွဲဆိုရင် အုတ်တံတိုင်း ခတ်ထား မယ်၊ ကျောက်ထားဖို့ နေရာကျယ်မယ်၊ အခြားအိမ်တွင်း ပရိဘောဂ ပြည့်စုံတယ်ဆိုရင် ငါးသိန်း၊ ခြောက် သိန်းလောက် တောင်းလို့ရတယ် ပေးတယ်ပေါ့။ အခု ငါးသိန်း၊ ခြောက်သိန်း ဆိုတာတွေက တစ်သိန်းနဲ့ သုံးသိန်း ပတ်ခြာလည်ဆိုရပြီး ဈေးတွေက ထက်ဝက်ကျော်ကျော်လောက်ကို ကျသွားတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။
From...Eleven

No comments:

Post a Comment