Sunday, May 19, 2013

ကယ်လီဖိုးနီးယား ပြည်နယ်တွင် ရောဂါပိုး ကူးစက်ခံနေရသော ဖားမျိုးစိတ်များ ရှာဖွေတွေ့ရှိ


Photo: ကယ်လီဖိုးနီးယား ပြည်နယ်တွင် ရောဂါပိုး ကူးစက်ခံနေရသော ဖားမျိုးစိတ်များ ရှာဖွေတွေ့ရှိ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေဂိုမြို့တွင် တွေ့ရှိခဲ့သည့် ခြေသည်းလက်သည်းပါ အာဖရိက ဖားမျိုးစိတ် နှစ်မျိုးသည် ရောဂါဖြစ်စေနိုင်သည့် ပိုးတစ်မျိုး ကူးစက်ခံ နေရသည်ကို စတန်းဖို့ဒ် တက္ကသိုလ် ဆေးသိပ္ပံကျောင်းမှ  သုတေသန ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။

ဖားမျိုးစိတ် တစ်ခုစီတွင် ကပ်ပါးပိုး တစ်မျိုးကူးစက် ခံနေရပြီး ၎င်းရောဂါပိုးသည် ရေမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း၊ ထို့နောက် မှိုအဖြစ်သို့ ပြောင်းလဲ၍ အခြားကုန်းနေ ရေနေ သတ္တဝါများကို ကူးစက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် အသက်ဆုံးရှုံးသည် အထိ အန္တရာယ်ဖြစ် ပေါ်နိုင်ကြောင်း သုတေသနပညာရှင် များက ပြောကြားထားသည်။

ထို့ပြင် အဆိုပါ ရောဂါပိုးသည် ဖားမျိုးစိတ်များကို မျိုးသုဉ်း ပျောက်ကွယ်သွားရန် ခြိမ်းခြောက်လျက် ရှိပြီး ဒေသတွင်း ဂေဟစနစ် အပေါ်တွင် အကျိုးသက် ရောက်မှုတစ်ရပ်  ဖြစ်ပေါ် နိုင်ဖွယ်ရှိကြောင်း   စတန်းဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာ ရှာရီလ်ဂရင်း ပြောကြားချက် များအရ သိရသည်။

အာဖရိက ဖားမျိုးစိတ်များသည် ဆန်ဒီယေဂိုမြို့တွင် နေထိုင် ကျက်စားလေ့ မရှိသော်လည်း ယခုအခါ ၎င်းမြို့တွင် နေထိုင်ကျက်စား လျက်ရှိသည်ကို သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းမြို့သည် ရေနုတ်မြောင်း ပေါများသည့် အတွက်ကြောင့် ၎င်းတို့ မျိုးပွားရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ 

http://www.myawady.com.mm/allnews/global/item/14289-2013-05-19-08-39-04

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေဂိုမြို့ တွင် တွေ့ရှိ ခဲ့သည့် ခြေသည်း လက်သည်းပါ အာဖရိကဖားမျိုးစိတ် နှစ်မျိုးသည် ရောဂါဖြစ်စေနိုင်သည့် ပိုးတစ်မျိုး ကူးစက်ခံ နေရသည် ကို စတန်းဖို့ဒ် တက္ကသိုလ် ဆေးသိပ္ပံကျောင်းမှ သုတေသန ပညာရှင် များက လေ့ လာတွေ့ရှိခဲ့သည်။

ဖားမျိုးစိတ် တစ်ခုစီတွင် ကပ်ပါးပိုးတစ်မျိုးကူးစက်ခံနေရပြီး ၎င်းရောဂါပိုးသည် ရေမှတစ်ဆင့် ကူး စက်ခြင်းဖြစ်ကြောင်း၊ ထို့နောက်မှိုအဖြစ်သို့ ပြောင်းလဲ၍ အခြားကုန်းနေ ရေနေသတ္တဝါများကို ကူး စက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် အသက်ဆုံးရှုံးသည် အထိ အန္တရာယ်ဖြစ် ပေါ်နိုင်ကြောင်း သုတေသန ပညာရှင်များက ပြောကြားထားသည်။

ထို့ပြင် အဆိုပါရောဂါပိုးသည် ဖားမျိုးစိတ်များကို မျိုးသုဉ်း ပျောက်ကွယ်သွားရန် ခြိမ်းခြောက်လျက် ရှိပြီး ဒေသတွင်း ဂေဟစနစ်အပေါ်တွင် အကျိုးသက်ရောက်မှုတစ်ရပ် ဖြစ်ပေါ် နိုင်ဖွယ်ရှိကြောင်း စတန်းဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာ ရှာရီလ်ဂရင်း ပြောကြားချက် များအရ သိရသည်။

အာဖရိက ဖားမျိုးစိတ်များသည် ဆန်ဒီယေဂိုမြို့တွင် နေထိုင်ကျက်စားလေ့မရှိသော်လည်း ယခုအခါ ၎င်းမြို့တွင် နေထိုင်ကျက်စား လျက်ရှိသည်ကို သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းမြို့သည် ရေနုတ်မြောင်း ပေါများသည့်အတွက်ကြောင့် ၎င်းတို့ မျိုးပွားရန် အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ 
From...မြ၀တီ

No comments:

Post a Comment