Thursday, May 2, 2013

နေ့စဉ် ဦးနှောက်သွေးကြောပေါက်လူနာ ငါးဦးအထိ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ

ရာသီဥတုပူပြင်းသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ နေ့စဉ် ဦးနှောက်သွေးကြောပေါက်လူနာ သုံးဦး မှ ငါးဦးအထိ ရောက်ရှိလာကြောင်း ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကု ပါမောက္ခ တစ်ဦး က ပြော သည်။”နေက တအားပူတယ်။ အရက် သောက်ကြတယ်။ သွေးပေါင်မှန်မှန် မချိန်ဘူး။ သွေးကျဆေး
မှန်မှန် မသောက်ဘူး။ ဒါကြောင့် သွေးကြောပေါက်တာများတယ်” ဟု ၄င်းကဆိုသည်။ လာရောက်ပြ သ သူများတွင် ခုနစ်ဆယ်ရာခိုင်နှုန်းကျော်သည် သွေးတိုးအခံရှိသူများဖြစ်ကြပြီး ဦးနှောက်ေ သွးကြော ပေါက်ရသည့် အကြောင်းရင်းများတွင် သွေးတိုးရောဂါရှိနေခြင်းသည်လည်း တစ်ခုအပါ အဝင်ဖြစ်ကြောင်း ၄င်းက ပြောသည်။ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံ ကြောဌာန သို့ ရောက်လာသော သူများမှ တချို့တစ်ဝက်သည် ခွဲစိတ်ကုသ၍ အသက်အန္တရာယ်မှ လွတ်ကင်းသွားသူများလည်း ရှိကြောင်း ၄င်းက ဆိုသည်။၎င်းအပြင် နေအလွန်ပူသည့် အချိန်တွင် အပြင်ထွက်ခြင်း၊ ရုတ်တရက် အပူ ချိန်ပြောင်းလဲခြင်း (အအေးခန်းများ ထဲမှ အပြင်နေပူထဲသို့ထွက်ခြင်း သို့မဟုတ် နေပူထဲမှ အအေး ခန်းထဲသို့ ဝင်ခြင်း)နှင့် အရက်သောက်ခြင်းတို့ သည်လည်း ဦးနှောက်သွေးကြောပေါက် ခြင်း ကို ဖြစ်ပေါ်စေနိုင်ကြောင်း ၄င်းက ပြောသည်။
From....Popular Myanmar News Journal

No comments:

Post a Comment