Tuesday, May 14, 2013

မီးကြိုးပေါက်နှင့်အလူမီနီယံမျဉ်းတံထိပြီး ဓါတ်လိုက်သေဆုံး

၁၂-၅-၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေး တက္ကသိုလ်ဝင်း၊ ဓါတုဗေဒဌာန ရှိ သံဇကာပျိုးခြံတည်ဆောက်ရေးလုပ်ငန်းခွင်တွင် တောင်တွင်းကြီးမြို့၊ ရွှေအိုးကြီး(၂)ရပ်ကွက်နေ ဦးလှမင်း
(၅၂)နှစ်သည် အခင်းကြမ်းပြင်တမံသလင်းလောင်းနေစဉ် မီးထွန်း ထားသည့်လေးပေမီးချောင်းသို့ သွယ်တန်း ထားသောမီးကြိုးမှပေါက်ပြီး သံဇကာအားထိ၍ လျှပ်စစ် စီးဝင်နေစဉ် အလူမီနီယမ်မျဉ်းတံအား သံဇကာသို့ မှီအချတွင် ဓါတ်လိုက်သေဆုံးသွားခဲ့သဖြင့် ရေဆင်း ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၃)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

From: ရဲဇာနည်

No comments:

Post a Comment