ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်း စသည့်
နေရာသုံးခုတွင် မီးရထားလမ်း ခုံးကျော် တံတားများ ထပ်မံဆောက်လုပ်မည်
ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ယင်းတံတားများအား ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကျထားပြီးဖြစ်ကြောင်း၊
သစ္စာလမ်းပေါ် တွင် ဘောက်ထော်နှင့် ကန်ဘဲ့ဘူတာကြား အနီးတစ်ဝိုက်တွင်လည်းကောင်း၊ ပါရမီလမ်းပေါ်တွင်မူ ပါရမီ (စိန်ဂေဟာ)အကျော် ဗဟိုလမ်းအနီးတွင်လည်းကောင်း၊ ခရေပင်လမ်းတွင်မူ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာ ဒုံဈေးဘူတာအကြားတွင်လည်းကောင်း မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
ကားလမ်းများပေါ်တွင် မီးရထားလမ်းများခံနေခြင်းကြောင့် မီးရထားလာချိန်တွင် ကားများခေတ္တရပ် ထားပြီး
အချိန်ကြန့်ကြာမှုအချို့ ရှိနေခြင်းကြောင့် ယင်းနေရာများတွင် မီးရထားလမ်း
ခုံးကျော် တံတား များ ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ တံတားများကို မြန်မာ့မီးရထားမှ ပြုလုပ်သွားမည် ဖြစ်ကာ
ရန်ကုန်မြို့တွင် လက်ရှိမီးရထားလမ်း ခုံးကျော်တံတား စုစုပေါင်း ၂၀
ကျော်ခန့် ရှိသည်ဟု သိရသည်။
From....Eleven Media Group
ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်း စသည့်
နေရာသုံးခုတွင် မီးရထားလမ်း ခုံးကျော် တံတားများ ထပ်မံဆောက်လုပ်မည်
ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ယင်းတံတားများအား ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကျထားပြီးဖြစ်ကြောင်း၊ သစ္စာလမ်းပေါ် တွင် ဘောက်ထော်နှင့် ကန်ဘဲ့ဘူတာကြား အနီးတစ်ဝိုက်တွင်လည်းကောင်း၊ ပါရမီလမ်းပေါ်တွင်မူ ပါရမီ (စိန်ဂေဟာ)အကျော် ဗဟိုလမ်းအနီးတွင်လည်းကောင်း၊ ခရေပင်လမ်းတွင်မူ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာ ဒုံဈေးဘူတာအကြားတွင်လည်းကောင်း မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
ကားလမ်းများပေါ်တွင် မီးရထားလမ်းများခံနေခြင်းကြောင့် မီးရထားလာချိန်တွင် ကားများခေတ္တရပ် ထားပြီး အချိန်ကြန့်ကြာမှုအချို့ ရှိနေခြင်းကြောင့် ယင်းနေရာများတွင် မီးရထားလမ်း ခုံးကျော် တံတား များ ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ တံတားများကို မြန်မာ့မီးရထားမှ ပြုလုပ်သွားမည် ဖြစ်ကာ ရန်ကုန်မြို့တွင် လက်ရှိမီးရထားလမ်း ခုံးကျော်တံတား စုစုပေါင်း ၂၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

No comments:
Post a Comment