Friday, May 10, 2013

ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲပြုလုပ်မည်

Photo: ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲပြုလုပ်မည်
Friday, May 10, 2013

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ်
ရေးဆွဲပွဲတစ်ခုကို ဇွန်လ ၃ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ပြုလုပ်သွား
မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လက်တွေ့ ထုလုပ်ရေးဆွဲမှုကို ပန်းပုကျော်ကျော်မင်းနှင့် ပန်းချီရွှေမြင့်တို့က ပြုလုပ်သွားမည်ဖြစ်ပြီး ထုလုပ်ရေးဆွဲ၍
ရရှိလာသော ပုံတူ ရုပ်တုနှင့် ပန်းချီ အား ဇွန်လ ၄ ရက်တွင်
အဆိုပါဌာန၌ ခင်ကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်သလို ငြိမ်းချမ်းရေးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့်အတွက် ဦးသန့်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထုလုပ်ရေးဆွဲရရှိသော
ပန်းပုနှင့် ပန်းချီကို ဦးသန့်ပြတိုက်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ပုံတူ ပန်းပု ထုလုပ်မည့် ဦးကျော်ကျော်မင်း ( ပန်းပု) ကပြောသည်။

ဦးသန့်သည် ကမ္ဘာ့အဆင့်မီခဲ့သလို ဦးသန့်ပြတိုက်သည်လည်း
ကမ္ဘာ့ အဆင့်မီပြတိုက်တစ်ခုဖြစ်လာရန် တတ်နိုင်သည့် နည်းလမ်းများဖြင့် လှုံ့ဆော်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ၃ ဦးမြောက် အထွေထွေအတွင်းရေးမှူး ဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပွားမည့်အရေးကိစ္စရပ်များအပေါ် တားဆီးဖြေရှင်းပေးနိုင်ခဲ့သူဖြစ်သည်။

NLA
Popular Myanmar News Journal

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပုံတူ ပန်းပု ပန်းချီ အား လက်တွေ့ ထုလုပ် ရေးဆွဲပွဲတစ်ခုကို ဇွန်လ ၃ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လက်တွေ့ ထုလုပ်ရေးဆွဲမှုကို ပန်းပုကျော်ကျော်မင်းနှင့် ပန်းချီရွှေမြင့်တို့က ပြုလုပ်သွားမည်ဖြစ်ပြီး ထုလုပ်ရေးဆွဲ၍ ရရှိလာသော ပုံတူ ရုပ်တုနှင့် ပန်းချီ အား ဇွန်လ ၄ ရက်တွင် အဆိုပါဌာန၌ ခင်ကျင်းပြသ သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်သလို ငြိမ်းချမ်းရေးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့်အတွက် ဦးသန့် ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထုလုပ်ရေးဆွဲရရှိသော ပန်းပုနှင့် ပန်းချီကို ဦးသန့်ပြတိုက် သို့ ပေးပို့လှူဒါန်းသွား မည်ဖြစ်ကြောင်း ပုံတူ ပန်းပု ထုလုပ်မည့် ဦးကျော်ကျော်မင်း ( ပန်းပု) ကပြောသည်။

ဦးသန့်သည် ကမ္ဘာ့အဆင့်မီခဲ့သလို ဦးသန့်ပြတိုက်သည်လည်း ကမ္ဘာ့ အဆင့်မီပြတိုက်တစ်ခုဖြစ်လာရန် တတ်နိုင်သည့် နည်းလမ်းများဖြင့် လှုံ့ဆော်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ၃ ဦးမြောက် အထွေထွေအတွင်းရေးမှူး ဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ် ပွားမည့်အရေးကိစ္စရပ်များအပေါ် တားဆီးဖြေရှင်းပေးနိုင်ခဲ့သူဖြစ်သည်။

NLA
Popular Myanmar News Journal

No comments:

Post a Comment