Tuesday, May 14, 2013

ရေအောက် အတွင်း၌ နှစ်ဆယ့် ငါးနှစ်ကြာခန့် နစ်မြုပ် နေရာမှ ပြန်လည်ထွက်ပေါ် လာခဲသည့် အာဂျင်တီးနား နိုင်ငံမှ ကမ်းခြေ အပန်းဖြေမြို့

ရေအောက် အတွင်း၌ နှစ်ဆယ့် ငါးနှစ်ကြာခန့် နစ်မြုပ် နေရာမှ ပြန်လည်ထွက်ပေါ် လာခဲသည့် အာဂျင်တီးနား နိုင်ငံမှ ကမ်းခြေ အပန်းဖြေမြို့
ရေအောက်အတွင်း နှစ်ဆယ့်ငါးနှစ်ကြာခန့် နစ်မြုပ်ခဲ့ရသည့် အာဂျင်တီးနား နိုင်ငံ၏ အပန်းဖြေ မြို့ ငယ်လေး ဖြစ်သော အက်ပီကူရန် မြို့သည် ကုန်းမြေ မျက်နှာပြင် ပေါ်သို့ ပြန် လည်ထွက်ပေါ် လာခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြလျက်ရှိသည်။
အက်ပီကူရန်မြို့သည် မြို့ငယ်လေးတစ်ခုသာ ဖြစ်သော်လည်း တစ်ချိန် တစ်ခါက အာဂျင်တီးနား နိုင်ငံ တွင် ခရီးသွားများဖြင့် အလွန်စည်ကားလှသည့် ကမ်းခြေ အပန်းဖြေ စခန်းတစ်ခု အဖြစ် တည်ရှိခဲ့သည်။
အဆိုပါ အပန်းဖြေစခန်းတွင် အကျော်ကြားဆုံးမှာ ဆားငန်ရေအပြည့်ပါရှိသည့် ရေချိုးကန် ဖြစ်ပြီး ဆားငန် ဓာတ်ပါဝင်မှုမှာ သမုဒ္ဒရာတွင်ပါရှိသည့် ဆားငန်ဓာတ် ပမာဏထက် ၁၀ ဆ ကျော်ခန့် ပို၍ များပြားကြောင်း သိရသည်။ လာရောက်လည်ပတ်သူများသည် ၎င်းဆားငန်ရေကန်၌ ရေစိမ်ရခြင်းကို အရှေ့ အလယ်ပိုင်း ဒေသရှိ ပင်လယ်ဒေသ အတွင်း၌ ရေစိမ်ရ သကဲ့သို့ အထူးနှစ်သက် ခဲ့ကြကြောင်း သိရသည်။ 
ထို့နောက်တွင် အဆိုပါ မြို့ငယ်လေးသည် ဆောင်းဦးရာသီအတွင်း၌ မိုးသက်မုန်တိုင်း ကျရောက် မှုကြောင့် ဆားငန် ရေကန်မှာ နစ်မြုပ်သွားခဲ့ရပြီး ကန်နံဘေးရှိလမ်းများ ပေါ်၌လည်း ရေများလျှံတက် ခဲ့ မှုကြောင့် ၁၉၈၅ ခုနှစ် နိုဝင်ဘာတွင် ရေအောက်သို့ နစ်မြုပ် သွားခဲ့ရပြီး ဒေသ အတွင်း၌ နေထိုင်သူ များမှာလည်း  နစ်မြုပ်နေသည့်  ၎င်းတို့၏ အိမ်များကို စွန့်ခွာထွက်ပြေး သွားခဲ့ရသည်။
ယခု အချိန်တွင် ရေများသည် ပြန်လည်ကျဆင်းလာခြင်းကြောင့် ၎င်းမြို့သည် ပြည်ပခရီးသည်များကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခု အဖြစ် ပြန်လည် ထွက်ပေါ်လာဖွယ် ရှိသည်ဟု သိရသည်။
From....မြ၀တီ

No comments:

Post a Comment