Friday, May 3, 2013

မြောက်ကိုရီးယား အနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ကျစ်လျစ်ခိုင်မာမှု ရှိသော လုပ်ဆောင်ချက်များ ပြုလုပ်သွားရန် အမေရိကန် နိုင်ငံက တိုက်တွန်း ပြောကြားခဲ့

မြောက်ကိုရီးယား အနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ကျစ်လျစ်ခိုင်မာမှု ရှိသော လုပ်ဆောင်ချက်များ ပြုလုပ်သွားရန် အမေရိကန် နိုင်ငံက တိုက်တွန်း ပြောကြားခဲ့
မြောက်ကိုရီးယား နိုင်ငံ၏ ကျူးကျော်ရန်စသည့် ခြိမ်းခြောက်မှုများ လျော့နည်းသွားမှုအပေါ် ကြိုဆို လျက်ရှိ ပြီးမြောက်ကို ရီးယားအနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ကျစ်လျစ်ခိုင်မာမှု ရှိသော လုပ်ဆောင် ချက်များ ပြုလုပ် သွားရန် အမေရိကန် နိုင်ငံက တိုက်တွန်း ပြောကြားခဲ့ပါသည်။
မြောက်ကိုရီးယား နိုင်ငံ၏စစ်ပွဲဆိုင်ရာ လေလုံးထွားမှုများနှင့် ခြိမ်းခြောက်မှုများ လျော့နည်း သွားခြင်း သည် တိုးတက်ကောင်းမွန်လာသော အခြေအနေတစ်ရပ် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာန ညွှန်ကြားရေးမှူး Patrick Ventrell က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့ပါသည်။ ကြီးမားကျယ်ပြန့်သော မူဝါဒ၏ ရည်မှန်းချက် သည် ကိုရီးယား ကျွန်းဆွယ်တစ်ခုလုံးတွင် နျူကလီးယားလက်နက် ကင်းစင်ရေးအား စိစစ် အတည်ပြုနိုင်ရေး ပင် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယား အနေဖြင့် ၎င်း၏ နိုင်ငံတကာ တာဝန်ဝတ္တရားများအား လိုက်နာ ဆောင်ရွက်မည့် အရိပ်လက္ခဏာ ပြသမှုအား စတင်လုပ်ဆောင်သွား ရန် အမေရိကန် နိုင်ငံက လိုလားလျက်ရှိကြောင်း Ventrell က ပြောကြား ခဲ့ပါသည်။
From....မြ၀တီ

No comments:

Post a Comment