နေပြည်တော်တိုင်း စစ်ဌာနချုပ် မိသားစု များ၏ စတုတ္ထ အကြိမ် စုပေါင်း ရဟန်းခံ/ ရှင်ပြု အလှူတော် မင်္ဂလာ အခမ်းအနားကို ဧပြီ ၃ဝ ရက်နှင့် မေ ၁ ရက် နေ့များတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါအလှူတော်မင်္ဂလာအခမ်းအနား ပထမနေ့အဖြစ် ဧပြီ ၃ဝ ရက် နံနက်ပိုင်းတွင် ဒုလ္လဘ ရဟန်းလောင်း နှင့် ရှင်သာမဏေလောင်းတို့အား နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဥပ္ပါတသန္တိ စေ တီတော် မြတ်ကြီးသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်၍ စေတီတော် မြတ်ကြီးအား လက်ယာရစ်သုံးပတ် လှည့်လည်ကာ ဖူးမြော် ကြည်ညို ကန်တော့ခြင်း၊ ရှင်သာမဏေ လောင်းများအား မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီး ၌ ဘိသိက်သွန်း မင်္ဂလာပြုလုပ်ပြီး ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိ တက္ကသိုလ် ကျောင်း တိုက်သို့ ပို့ဆောင်၍ ဆံချခြင်း၊ သင်္ကန်းတောင်းခြင်း၊ သရဏဂုံ သုံးပါးနှင့် ဆယ်ပါးသီလ ဆောက်တည်ခြင်း၊ ဥပဇ္ဈာယ် ခံယူခြင်း၊ ဒုလ္လဘရဟန်းလောင်းများအား ဥပသမ္ပဒကံဆောင်ခြင်း အစရှိသော မင်္ဂလာအခမ်းအနား များအား ကျင်းပ ပြုလုပ်သည်။
အခမ်းအနား အစီအစဉ် ဒုတိယနေ့ အဖြစ် မေ ၁ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာ ဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ သိမ်ဆင်း လောင်းလှူခြင်း၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် ရေစက်ချ တရားနာယူခြင်း အခမ်းအနားများအားကျင်းပ ပြုလုပ်ကြရာ ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော်များ၊ တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိ ကြီးများ၊ တပ်နယ် တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ/ အရာခံ/ အကြပ်စစ်သည်၊ မိသားစု များနှင့် ဖိတ်ကြားထားသော ဧည့်ပရိသတ်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ တိုင်းမှူးနှင့် ဧည့်ပရိသတ်များသည် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော ပင့်သံဃာများနှင့် ဒုလ္လဘ ရဟန်းတို့အား သိမ်ဆင်း အလှူတော်အဖြစ် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်း သည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် မိသားစုများ၏ စတုတ္ထအကြိမ် စုပေါင်းရဟန်းခံ/ ရှင်ပြု အလှူတော် မင်္ဂလာအောင်ပွဲ ကုသိုလ်တော်အခမ်းအနားကို ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၈ ပါး ကြွရောက် ချီးမြှင့်တော် မူကြပြီး တိုင်းမှူးနှင့် ဧည့်ပရိသတ် အပေါင်းတို့က အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များရွတ်ပွားသရဇ္ဈာယ်တော် မူကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် ဧည့်ပရိသတ်များသည် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။
ထို့နောက် မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းမှူးနှင့် ဧည့်ပရိသတ် များက အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှ ပေးဝေကာ ''ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု'' သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း လိုက်သည်။
အဆိုပါ နေပြည်တော်တိုင်း စစ်ဌာနချုပ် မိသားစု များ၏ စတုတ္ထ အကြိမ် စုပေါင်း ရဟန်းခံ/ရှင်ပြု အလှူတော် မင်္ဂလာ အခမ်းအနားတွင် ဒုလ္လဘ ရဟန်းလောင်း ၉၆ ပါးနှင့် ရှင်သာမဏေလောင်း ၂၈ ပါးတို့အား သာသနာ့ဘောင် အတွင်းသို့ သွတ်သွင်း ချီးမြှင့် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
http://bit.ly/16sAUi2

No comments:
Post a Comment